GRAMMAR NOTES
1.1. ဤသင်ခန်းစာတွင် တေလူဂူ ဘာသာစကား၏ ကြိယာမပါသော တူညီမှုပြ ဝါကျများ (equational sentences) ကို မိတ်ဆက်ပေးခဲ့ပါသည်။ ဤကြိယာ မပါသော ဝါကျများတွင် ပြုလုပ်သူ (subject) နာမ် သို့မဟုတ် နာမ်စား သို့မဟုတ် နာမ်စကားစု (noun phrase -NP) တစ်ခုခုနှင့် အခြား ခန့်မှန်းချက်ပြ နာမ် သို့မဟုတ် နာမ်စား သို့မဟုတ် နာမ်စကားစု တို့သာ ပါ၀င်သည်။
|
वह मेज़ है। |
ఇది బల్ల |
အဲ့ဒါ စားပွဲ။ |
That is a table. |
ဤနေရာတွင် ‘That (is a) table.’ ဟူသော ဝါကျကို မြန်မာလို ‘၄င်းသည် စားပွဲ တစ်လုံး ဖြစ်သည်’ ဟု ဘာသာပြန်ဆိုရမည် ဖြစ်သည်။
သို့သော် ‘అది బల్ల.’ ဟူသော ဝါကျကို မြန်မာလို ‘အဲ့ဒါ စားပွဲ။’ ဟု တိုက်ရိုက် ဘာသာပြန်ဆို နိုင်ပါသည်။ ထို့ကြောင့် တေလူဂူ ဘာသာစကား၏ ဝါကျတည်ဆောက်ပုံသည် (ဗမာ) မြန်မာ ဘာသာစကား၏ ဝါကျတည်ဆောက်ပုံနှင့် အားလုံးနီးပါး နီးစပ်တူညီနေသည်ကို တွေ့ရှိရပါသည်။
အင်္ဂလိပ် ဘာသာစကားတွင် နာမ်များ၏ ရှေ့ ၌ သုံးသော တစ်ယောက်၊ တစ်ကောင်၊ တစ်ခု (a, an နှင့် the) တို့သည် တေလူဂူ ဘာသာစကားတွင် အရေအတွက်ကို ဖော်ပြရန် အတွက်သာ သုံးပါသည်။
|
అది బల్ల. |
အဲ့ဒါ စားပွဲ။ |
‘That (is a) table.’ |
|
ఆయన డాక్టరు. |
သူက ဆရာဝန်။ |
‘He (is a) doctor.’ |
1.2. ဤသင်ခန်းစာတွင် အောက်ပါနာမ်စားများကို မိတ်ဆက်ပေးထားပါသည်။
|
တတိယလူ နာမ်စားများ |
အဝေး |
အနီး |
|
ပုလ္လိင် အနည်းကိန်း (ရိုသေစွာ) |
ఆయన |
ఈయన |
|
ဣတ္ထိလိင် အနည်းကိန်း (ရိုသေစွာ) |
ఆమె |
ఈమె |
|
တတိယလူ လိင်မဲ့ အနည်းကိန်း (သက်မဲ့) |
అది |
ఇది |
1.3. ဤ အခန်းတွင် အမေးပုဒ် စကားလုံးများ ဖြစ်သော ఏది 'which' နှင့် ఎవరు 'who' တို့ကို မိတ်ဆက်ပေးထားပါသည်။
ఎవరు ကို လူများတွင် သုံးပြီး ఏది ကို တိရိစ္ဆာန်နှင့် သက်ရှိ မဟုတ်သော အရာဝတ္ထုများတွင် သုံးသည်။
|
ఆయన/ ఈయన ఎవరు? |
သူ ဘယ်သူလဲ။? |
‘Who is he?’ |
|
ఆమె/ ఈమె ఎవరు? |
သူမ ဘယ်သူလဲ။? |
‘Who is she?’ |
|
రామరావు ఎవరు? |
Ramarao ဘယ်သူလဲ။? |
‘Who/What is Ramarao?’ |
|
విజయ ఎవరు? |
ဝိဂျယ ဘယ်သူလဲ။? |
‘Who/What is Vijaya?’ |
|
అది/ ఇది ఏమిటి? |
အဲ့ဒါ/ ဒါ ဘာလဲ။? |
‘What is that/this?’ |
|
ఏది కుక్క/ గోడ? |
ဘယ်ဟာ ခွေး လဲ /နံရံ လဲ။? |
‘Which is the dog/wall?’ |
1.3.1. What is Ramarao? နှင့် Who is Ramarao? တို့ ကဲ့သို့သော အင်္ဂလိပ် အမေးဝါကျ နှစ်ကြောင်းတွင် "what" နှင့် "who" တို့သည် မတူညီကြပါ။ သို့သော် Telugu ဘာသာစကားတွင်မူ Ramarao က ဘာလဲ သို့မဟုတ် ဘယ်သူလဲ ဟု မေးလိုပါက ఎవరు ကိုသာ အသုံးပြုရပေမည်။
|
రామరావు ఎవరు? |
ရာမရောင်း ဘယ်သူလဲ။ |
‘Who/What is Ramarao?’ |
|
ఎవరు రామరావు? |
ရာမရောင်း ဘယ်သူလဲ။ |
‘Who is Ramarao?’ |
1.4. -గారు သည် ရိုသေစွာ ဂုဏ်ပေးခေါ်ဝေါ်သော နောက်ဆက်တွဲ စကားလုံး ဖြစ်သည်။ တစ်စုံတစ်ယောက်၏ အမည် နောက်တွင် -గారు ပေါင်းထည့်၍ ခေါ်ဆိုခြင်းသည် ထိုပုဂ္ဂိုလ်အား လေးစားမှုကို ရည်ညွှန်းသည်။
|
డాక్టరుగారు |
|
‘doctor (hon.)’ |
|
లతగారు |
|
‘Ms. Latha’ |
|
రామారావుగారు |
|
‘Mr. Ramarao’ |
|
ఆయన డాక్టరుగారు. |
|
‘He is a doctor (hon.)’ |
|
ఆమె లీలగారు. |
|
‘She is Ms. Leela.’ |
|
ఎవరు సీతగారు? |
|
‘Who is Ms. Seeta?’ |