8.1. ဤသင်ခန်းစာတွင် ကြိယာ၏ တားမြစ်သောပုံစံများကို မိတ်ဆက်ပေးထားပါသည်။ ကြိယာ၏ နောက်၌ -అకు ပေါင်းထည့်လိုက်ပါက တားမြစ်၊တားဆီးသည့်ပုံစံ မ-နဲ့ ဟူသော အဓိပ္ပါယ် ဖြစ်သွား၍ -అకండి ပေါင်းထည့်လိုက်ပါက ရိုသေစွာ တားမြစ်သည့်ပုံစံ မ-ပါနဲ့၊ သို့မဟုတ် လူအများကို တားဆီးသည့် ပုံစံ မ-ကြနဲ့ ဟူသော အဓိပ္ပါယ်ဖြစ်သွားပါသည်။
|
వెళ్ళు |
+ అకు |
= వెళ్ళకు |
မသွားနဲ့ |
‘Don’t go.’(non-hon. sg. 2.12.2.) |
|
వెళ్ళు |
+ అకండి |
= వెళ్ళకండి |
မသွားပါနဲ့/မသွားကြနဲ့ |
‘Please don’t go.’ (hon. sg. & pl. (2.12.2.) |
|
రా |
+ అకు |
= రాకు |
မလာနဲ့ |
‘Don’t come.’(non-hon. sg. 3.13.1.) |
|
రా |
+ అకండి |
= రాకండి |
မလာပါနဲ့/မလာကြနဲ့ |
‘Don’t sit.’ (hon. sg. & pl. (3.13.1.) |
8.2. သင်ခန်းစာ (2.8.) တွင် ဖော်ပြထားသည့် చెప్పు ‘Tell!’, చెప్పండి ‘Please tell!’; రా ‘Come!’, రాండి (also రండి c.f. 7.15.) ‘Please come!’, కూర్చో ‘Sit!’, కూర్చోండి ‘Pease sit!’ (3.12.), etc.စသည့် အမိန့်ပေး၊ စေခိုင်း၊ တောင်းဆိုသည့် ပုံစံများကို သတိပြုပါ။
8.2.1. Telugu ဘာသာစကားတွင် ကြိယာ၏ အခြေခံ စေခိုင်းတောင်းဆိုမှုပြပုံစံများကို အောက်ပါအတိုင်း လေးမျိုး တွေ့ရှိနိုင်သည်။
|
Imperative |
||||||||
|
|
|
|||||||
|
|
|
|
||||||
|
Affirmative |
Negative(တားဆီး) |
|||||||
|
|
|
|
|
|||||
|
|
|
|
|
|
|
|||
|
Singular verbal base+ Zero +zero* |
Plural verbal base + అండి |
Singular verbal base + అకు |
Plural verbal base + అకండి |
|||||
|
వెళ్ళు + Ø = వెళ్ళు |
వెళ్ళు +అండి =వెళ్ళండి |
వెళ్ళు + అకు = వెళ్ళకు |
వెళ్ళు+అకండి=వెళ్ళకండి |
|||||
|
‘Go!’ သွား။ |
‘Please go!’ သွားပါ/သွားကြ |
‘Don’t go!’ မသွားနဲ့ |
‘Please do not go!’ မသွားပါနဲ့/မသွားကြနဲ့ |
|||||
Ø ‘Zero’ ဆိုသည်မှာ ‘no suffix’ နောက်ဆက်တွဲ မရှိခြင်းကို ဆိုလိုသည်။ တစ်နည်းအားဖြင့် ကြိယာ၏ အခြေသည် မည်သည့် ပြောင်းလဲမှုမှ မရှိသည့်တိုင် အနည်းကိန်း စေခိုင်းပြပုဒ်အဖြစ် အသုံးပြုနိုင်သည်။
Plural အများကိန်းပုံစံများကို ရိုသေစွာတောင်းဆို /တားမြစ်သည့် အနည်းကိန်းပုံစံများ အဖြစ်လည်း အသုံးပြုနိုင်သည်။
သရသံဆက်ခြင်းအတွက် 2.12.2. ကို ကြည့်ပါ။
8.2.2. ဤ သင်ခန်းစာတွင် နောက်ဆက်တွဲမပါသော အနည်းကိန်း စေခိုင်းပြပုဒ်များကို အများဆုံး မိတ်ဆက်ပေးထားပါသည်။
|
రా |
လာ |
‘Come!’ |
వెళ్ళు |
သွား |
‘Go!’ |
|
తీసుకో |
ယူ |
‘Take!’ |
చెప్పు |
ပြော |
‘Tell!’, etc. |
သို့သော် အနည်းကိန်း စေခိုင်းတောင်းဆိုမှုပြပုဒ် imperative affirmative singular အဖြစ် အသုံးပြုရာတွင် အနည်းငယ်ပြုပြင်ထားသော ကြိယာအခြေခံ အချို့ရှိပါသည်။ နောင်လာမည့်သင်ခန်းစာများတွင် ဤအခြေခံများနှင့် ၎င်းတို့၏အကြောင်းကို ဖော်ပြပေးသွားပါမည်။
8.3. ဤအခန်းတွင် မိတ်ဆက်ပေးထားသည့်အတိုင်း တေလူဂူ ကြိယာအခြေများကို ဗျည်းနှင့် သရ နှစ်မျိုးလုံးဖြင့် အဆုံးသတ်နိုင်သည်။ (သင်ခန်းစာ ၃၃ နှင့် ၃၄) နောက်ဆုံးသရသည် သရသံတိုရော သရသံရှည်ပါ ဖြစ်နိုင်သည်။ နောက်ဆုံးသရသံအတိုသည် အမြဲတမ်း ဥ ఉ အသံဖြစ်သည်။ ချွင်းချက်အနေဖြင့် ၏ ఇ အသံဖြင့် ဆုံးသော ကြိယာအခြေ အနည်းငယ်နှင့် పద (Lesson 20)ကဲ့သို့ အ అ အသံဖြင့် အဆုံးသတ်ပြီး စေခိုင်းခြင်း၌သာ အသုံးပြုနိုင်သော ကြိယာ အခြေ(20.5 ကို ကြည့်ပါ)တို့ ပါဝင်သည်။ ఇ အသံဖြင့် ဆုံးသောကြိယာအခြေများတွင် နောက်ဆုံး ఇ သည် နောက်ဆုံး သဏ္ဍာန်တွင် య్ ရှိနေကြောင်း ခန့်မှန်းနိုင်သည်။ တစ်နည်းဆိုရသော် ကြိယာအခြေ၏ နောက်ဆုံးသရနေရာတွင် య్ ဗျည်း ရှိနေပါက၊ နောက်ဆုံးသရသည် ఇ အသံ ဖြစ်သည်။ పద မှ လွဲ၍ အခြားသော သရအတိုများ၏ နောက်ဆုံးအခြေအားလုံးတွင်၊ နောက်ဆုံးသရသံသည် ဥ ఉ အသံဖြစ်သည်။ သရသံအရှည် အခြေတွင်၊ နောက်ဆုံးသရသံသည် ఆ သံ သို့မဟုတ် ఏ သံ သို့မဟုတ် ఓ သံ တို့ဖြစ်နိုင်သည်။
8.3.1. အောက်တွင် ဤ သင်ခန်းစာ၏ ఇ အသံဖြင့် ဆုံးသော ကြိယာ အခြေများကို မိတ်ဆက်ပေးထားပါသည်။
|
Imp. sg. လုပ် |
Imp. pl. & hon.sg. လုပ်ပါ |
Imp. neg. sg. မလုပ်နဲ့ |
Imp. neg. pl. & hon. sg. မလုပ်ကြ(ပါ)နဲ့ |
Root meaning |
|
వెయ్యి |
వెయ్యండి |
వెయ్యకు |
వెయ్యకండి |
ဖွင့် ‘switch on; (shut like a door)’ |
|
తియ్యి |
తియ్యండి |
తియ్యకు |
తియ్యకండి |
ပိတ် ‘switch off; (open like a door)’ |
|
ముయ్యి |
ముయ్యండి |
ముయ్యకు |
ముయ్యకండి |
ပိတ် ‘shut; close’ |
|
వెయ్యి |
+అండి |
= వెయ్యండి |
-ပါ |
Please switch on (the light); Please shut (the door)! |
|
వెయ్యి |
+అకు |
= వెయ్యకు |
မ-နဲ့ |
Don’t switch on (the light); Don’t shut (the door)!’ |
|
వెయ్యి |
+అకండి |
= వెయ్యకండి |
မ-ကြ(ပါ)နဲ့ |
Please don’t switch on (the light); Please don’t shut (the door)!’ |
* သရသံဆက်ခြင်း အတွက် (2.12.2.)ကို ကြည့်ပါ။
8.4. వాటి နှင့် వీటి တို့သည် သက်မဲ့ပစ္စည်း အများကိန်း နာမ်စား అవి 'those one' နှင့် ఇవి 'thees' (4.7.) တို့၏ ပိုင်ဆိုင်မှုပုံစံများ အသီးသီးဖြစ်ကြသည်။
8.5. အောက်ပါ စာကြောင်းများတွင် သင်ခန်းစာ(7.9.; 7.9.1.)ပါ လည်း-ပဲ အသုံးကို သတိပြုပါ။
|
మా తమ్ముడూ కవే! |
ငါ့ညီလည်း ကဗျာဆရာပဲ။ |
‘My brother is also a poet. |
|
నేనూ లేను. |
ငါလည်း မရှိဘူး။ |
‘I am also not there. |
အထက်ပါ ဝါကျ နှစ်ကြောင်းကို နှိုင်းယှဉ်ကြည့်ပါ။
ဝါကျနှစ်ကြောင်းစလုံးတွင် కూడా လည်းပဲ also (သင်ခန်းစာ ၂) ဟူသော အဓိပ္ပာယ် ဖော်ညွှန်းပါရှိသော်လည်း အသုံးပြုမှုမှာ ကွာခြားပါသည်။ ပထမဝါကျတွင် နာမ်၏ ကြိုတင်ဖော်ပြချက်အဖြစ် NP (နာမ်စကားစု) కవి 'ကဗျာဆရာ' ပါ၀င်သည်။
8.5.1. ကြိယာမဲ့ဝါကျတစ်ခု၏ ပြုလုပ်သူ NP(နာမ်စကားစု) (1.1.) တွင် ပါဝင်မှု အမှတ်အသား ပါရှိသောအခါ၊ နာမ်၏ ကြိုတင်ဖော်ပြချက် NP(နာမ်စကားစု) တွင် emphatic marker –ఏ -ပဲ (3.3.) သည် မဖြစ်မနေ ပါရှိမည်။ [ခြွင်းချက်အတွက် 8.6 ကို အရင်ကြည့်ပါ။]
|
నేను విద్యార్థిని. |
ကျနော် ကျောင်းသားပါ။ |
am a student. |
|
నేనూ విద్యార్థినే. |
ကျနော် လည်း ကျောင်းသားတစ်ယောက်ပဲ။ |
I am also a student. |
|
ఆయన కవి. |
သူက ကဗျာဆရာပါ။ |
He is a poet. |
|
ఆయనా కవే. |
သူလည်း ကဗျာဆရာပဲ။ |
He is also a poet. |
ပြုလုပ်သူစကားစု NP တွင် ပါဝင်မှုအမှတ်အသားအစား కూడా ကို အသုံးပြုသောအခါ၊ ၎င်း NP တွင် emphatic marker –ఏ -ပဲ ကို အသုံးပြုခြင်းသည် စိတ်ကြိုက်ဖြစ်သည်။
|
ఆయన కూడా కవి. (or) |
ఆయన కూడా కవే. |
သူလည်း ကဗျာဆရာပဲ။ He is also a poet. |
8.6. రెండు 'two' နှင့် ఇద్దరు 'two person' တို့ကဲ့သို့သော ဂဏန်းများအသုံးပြုခြင်းတွင် နောက်ဆုံးသရသံများကို ရှည်လိုက်သောအခါ -လုံး ဟူသော အဓိပ္ပါယ် ဖြစ်ပေါ်လာပါသည်။
|
రెండు |
နှစ်ခု |
Two |
రెండూ |
နှစ်ခုလုံး |
both of them (neut.)’ |
|
ఇద్దరు |
နှစ်ယောက် |
two persons’ |
ఇద్దరూ |
နှစ်ယောက်လုံး |
both of them (human)’ |
|
మూడు |
သုံးခု |
three |
మూడూ |
သုံးခုလုံး |
all the three (neut.)’ |
|
ముగ్గురు |
သုံးယောက် |
three persons’ |
ముగ్గురూ |
သုံးယောက်လုံး |
all the three (human)’ |
ဆက်လက်၍ - ကြိယာမဲ့ဝါကျတစ်ခု၏ ပြုလုပ်သူ NP(နာမ်စကားစု) တွင် ကိန်းအရေအတွက် -လုံး နှင့်အတူ ပါဝင်မှု အမှတ်အသား -ပဲ ပါဝင်နေပါက emphatic အမှတ်အသား –ఏ -ပဲ ကို အသုံးပြုခြင်းသည် စိတ်ကြိုက်ဖြစ်သည်။ (8.5.1 ကိုကြည့်ပါ။)
|
అవి రెండు నవలలు. |
အဲ့ဒီ နှစ်ခုက ဝတ္ထုစာအုပ်တွေ။ |
Those are two novels.’ |
|
అవి రెండూ నవలలు. |
အဲ့ဒီ နှစ်ခုလုံးက ဝတ္ထုစာအုပ်တွေ။ |
Both of them are novels.’ |
|
అవి రెండూ నవలలే. |
အဲ့ဒီ နှစ်ခုလုံးက ဝတ္ထုစာအုပ်တွေပဲ။ |
Both of them are novels!’ |
ဤဝါကျများတွင် emphatic marker -ပဲ သည် ၎င်းအားပေါင်းထည့်သည့်စကားလုံးအပေါ် အလေးပေးဖော်ပြသည်။
8.7. ఆ! 'yes'သည် ကြိယာတစ်ခု၏ လား မေးခွန်းအား ထောက်ခံဖော်ပြသည့် အဖြေစကားလုံးဖြစ်သည်။ (အင်း၊ အေး )
|
బాగున్నారా? |
ခင်ဗျား နေကောင်းလား။ |
Are you fine? |
|
ఆ! |
အင်း! (နေကောင်းတယ်။) |
Yes. |
|
రవి బాగున్నాడా? |
ရဝီ နေကောင်းလား။ |
Is Ravi fine |
|
ఆ! |
အင်း! (နေကောင်းပါတယ်။) |
Yes. |
8.8. ఇంటి house’s သည် ఇల్లు house ၏ ပိုင်ဆိုင်မှုပြ ပုံစံဖြစ်သည်။
|
ఇంటి నెంబరు |
အိမ်၏ နံပါတ် |
the number of the house’ |
|
ఇంటి దగ్గర |
အိမ်၏ အနီး |
near the house; at home’ |
8.9. နေရာပြပုဒ်များ Post-positions (4.6.) ကို ပိုင်ဆိုင်မှုပြပုံစံများ(2.2.1.)၌ ထည့်သွင်းထားသည်။ Telugu ဘာသာစကားရှိ ပိုင်ဆိုင်မှုပြ ပုံစံများ၏ လုပ်ဆောင်ချက်များထဲမှ တစ်ခုကို ဝိဘက် နောက်ဆက်တွဲများ အနေဖြင့် အသုံးပြုထားသည်။ တစ်နည်းဆိုရသော်၊ Telugu ဘာသာစကားတွင် နာမ်များနှင့် နာမ်စားများသည် အမည်ခံပုံစံ နှင့် ပိုင်ဆိုင်မှုပြပုံစံ ဟူ၍ နှစ်မျိုးရှိသည်။ အမည်ခံပုံစံကို ပြုလုပ်သူ နာမ်၊နာမ်စားတို့ နေရာ၌ အသုံးပြုပြီး တစ်နည်းအားဖြင့် ၎င်းတွင် မည်သည့်နောက်ဆက်တွဲမှ မပေါင်းထည့်ပေ။
ပိုင်ဆိုင်မှုပြပုံစံကို နာမ်၌ အခြားဝိဘက်များ၏ နောက်ဆက်တွဲများ၊ နေရာပြပုဒ်များကို ပေါင်းထည့်သောအခါတွင် သုံးသည်။ သို့သော်လည်း Telugu ဘာသာစကား ရှိ နာမ်အများစုနှင့် အချို့သော နာမ်စားများသည် အမည်ခံပုံစံ နှင့် ပိုင်ဆိုင်မှုပြပုံစံ အဖြစ် သုံးသောအခါတွင် တူညီသောပုံစံရှိသည်။ အချို့သော နာမ်များကို (3.6.1) တွင် ဖော်ပြထားပြီး နာမ်စားများကို (4.6.) နှင့် (2.2) တွင် ဖော်ပြထားသည်။
8.9.1. ဤသင်ခန်းစာတွင် နာမ်များအကြောင်း မိတ်ဆက်သည့်အခါ ယင်းနာမ်များကို ပိုင်ဆိုင်မှုပြပုံစံများကို ပြောင်းပြထားသည်။ အခြားနာမ်များနှင့် စပ်လျဉ်း၍ ပိုင်ဆိုင်မှုပြပုံစံ အဖြစ်သုံးသောအခါတွင် မည်သည့်ပြောင်းလဲမှုမျှ မပြနိုင်ဟု ယူဆနိုင်သည်။
8.9.2. ఇంటి దగ్గర 'အိမ်အနီး' ၊ నా పక్కన కూర్చో 'ဘေးနားမှာ ထိုင်ပါ' အစရှိသော စကားရပ်များတွင် దగ్గర အနီးနား ‘near’ နှင့် పక్కన 'ဘေးနား/ကပ်လျက်' ‘by side of/ next to’တို့ ကို ပိုင်ဆိုင်မှုပြပုံစံဖြင့် တွဲထားကြောင်း တွေ့နိုင်သည်။
|
ఇంటి పక్కన |
အိမ်နား |
by the side of/next to the house |
|
ఇంటి మీద |
အိမ်ပေါ် |
on the house |
|
నీ దగ్గర |
နင့်ဆီမှာ |
with/at you |
|
అతని పక్కన |
သူ့နားမှာ |
by his side/ next to him |
|
నా మీద |
ငါ့အပေါ် |
on me |
8.10. ఇళ్ళు ‘houses’သည် ఇల్లు ‘house’၏ အများကိန်းဖြစ်သည်။
8.11. లు ဖြင့် ဆုံးသော နာမ်များ၏ နောက်၌ အများကိန်းနောက်ဆက်တွဲ -లుကို တွဲဆက်ပါက နောက်ဆုံးစာလုံး లు ရော အများကိန်းနောက်ဆက်တွဲ -లుပါ ပျောက်ကွယ်သွား၍ ళ్ళు အဖြစ်သို့ပြောင်းလဲသွားပါမည်။
|
చెల్లెలు |
+ లు |
చెల్లెళ్ళు |
ညီမများ |
younger sisters’ |
|
స్కూలు |
+ లు |
స్కూళ్ళు |
ကျောင်းများ |
schools |
|
స్నేహితురాలు |
+ లు |
స్నేహితురాళ్ళు |
သူငယ်ချင်းများ(မိန်းကလေး) |
friends (fem.)’ |
8.12. ఎలా သည် అలా နှင့် ఇలా (7.16.) တို့နှင့် သက်ဆိုင်သော အမေးပုဒ် ဖြစ်သည်။ ကြိယာဝိသေသနပုံစံများသည် ကြိယာတွင် တည်နေရာနှင့် ပုံစံကို ပေါင်းထည့်ကာ ဦးတည်ချက်သဘောကို ဖော်ပြနိုင်သည် ကို သတိရပါ။ (၇.၁၆)
8.13. -అమ్మాသည် အမျိုးသမီးများကို ခေါ်သော အမှတ်အသား (၂.၁၀။) ဖြစ်သည်။ ပြောဆိုသူသည် ပုံမှန်အားဖြင့် မိမိအောက်ငယ်သော အမျိုးသမီးများအား ချစ်ခင်ရင်းနှီးမှုနှင့် ဖော်ရွေမှုကို ဖော်ပြလိုလျှင် ၎င်းကို ဝါကျတစ်ခု၏ နောက်ဆုံးတွင် ထည့်သွင်း၍ ပြောလေ့ ရှိသည်။
|
అక్కడ ఎవరున్నారమ్మా? |
အဲ့ဒီမှာ ဘယ်သူ ရှိ(နေ)လဲ သမီး။ |
Who is there, dear? |
ရိုသေစွာခေါ်သော ဒွိလိင် အမှတ်အသား -అండీ (၂.၁၀.၁၀) အသုံးပြုပုံကို ပြန်လည်သတိရပါ။
|
అక్కడ ఎవరున్నారండీ? |
အဲ့ဒီမှာ ဘယ်သူ ရှိ(နေ)လဲ ခင်ဗျာ့(ရှင်)။ |
Who is there, sir/madam? |
8.14. အောက်ပါဝါကျများတွင် ခိုင်မာပြတ်သားသော မေးခွန်း(ပဲလား) များ အသုံးပြုခြင်းကို သတိပြုပါ။
|
ఇవేనా తెలుగు నవలలు? |
ဒါတွေပဲလား တေလူဂူ ဝတ္ထုစာအုပ်တွေ။ |
Are these the Telugu novels? |
|
వాళ్ళిద్దరూ రచయితలేనా? |
သူတို့နှစ်ယောက်လုံး စာရေးဆရာတွေပဲလား။ |
Are both of them writers? |
ဤ ဝါကျများတွင် လားမေးခွန်း၏ အမေးပုဒ် -ఆ -အား ကို -ఏ ပဲ နောက်၌ ဆက်၍ ပေါင်းထည့်ပြထားသည်။
|
[ఇవి + ఏ ] |
= ఇవే |
+ ఆ |
= ఇవేనా? |
(For sandhi see 8.15.2. below.) |
|
[ဒါတွေ + ပဲ] |
= ဒါတွေ + ပဲ |
+ လား |
= ဒါတွေပဲလား။ |
|
|
[రచయితలు + ఏ ] |
= రచయితలే |
+ ఆ |
= రచయితలేనా? |
(For sandhi see 8.15.2. below.) |
|
[စာရေးဆရာတွေ + ပဲ] |
= စာရေးဆရာတွေပဲ |
+ လား |
= စာရေးဆရာတွေပဲလား။ |
|
|
వాళ్ళు రచయితలా? |
သူတို့က စာရေးဆရာတွေလား။ |
Are they writers? (a normal question) |
|
వాళ్ళు రచయితలేనా? |
သူတို့(လည်း) စာရေးဆရာတွေပဲလား။ |
Are they writers? (an emphatic question) |
အောက်ပါ အခြေအနေတို့ ၌ အလေးထားမှု ပြောင်းလဲပုံ သတိပြုပါ။
|
వాళ్ళు రచయితలేనా? |
သူတို့လည်း စာရေးဆရာတွေပဲလား။ |
Are they writers? |
|
వాళ్ళేనా రచయితలు? |
သူတို့ပဲလား စာရေးဆရာတွေ။ |
Are they writers? |
8.15. အောက်ပါ သရသံဆက်ခြင်း ဖြစ်စဉ်များကို သတိပြုပါ။
8.15.1. ఎ သရသံဖြင့် ဆုံးသော စကားလုံး၏ နောက်၌ လားမေးခွန်း၏ အမှတ်အသား -ఆ ကို ပေါင်းစပ်၍ အဲ အသံထွက်ပေါ်လာပြီး ఆ ဟုသာ ရေးသားလေ့ ရှိကြောင်း (3.13.2.)တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
|
ఆమె |
+ ఆ? |
= ఆమా? (အားမဲ) |
သူမလား |
Is she? |
သို့သော် ခိုင်မာတဲ့ အမှတ်အသား ఏ ပဲ ကို ఎ သရသံဖြင့် ဆုံးသော စကားလုံး၏ နောက်၌ ဆက်ပါက ఏ ဟုသာ အသံထွက်မည် ဖြစ်ပါသည်။ (2.12.2.)
|
ఆమె |
+ ఏ |
= ఆమే (အားမေး) |
သူမပဲ |
Just she is? |
8.15.2. လားမေးခွန်း၏ အမှတ်အသား -ఆ နှင့် ခိုင်မာတဲ့ အမှတ်အသား ఏ ပဲ တို့ကို အသံရှည်ဖြင့် ဆုံးသော စကားလုံး၏ နောက်၌ ပေါင်းပါက న్ န် သရသံသည် ကြား၌ ပေါ်ထွက်လာမည် ဖြစ်သည်။
|
కుర్చీ |
+ ఆ? |
= కుర్చీనా? |
ထိုင်ခုံလား။ |
Is it a chair? |
|
కిటికీ |
+ ఏ? |
= కిటికీనే? |
ပြတင်းပေါက်လား။ |
It is a window! |
|
అదే |
+ ఆ? |
= అదేనా? |
အဲ့ဒါပဲလား။ |
Is it? |
(*అది ကဲ့သို့ အသံတိုဖြင့် ဆုံးသော စကားလုံးနောက်မှ ఏ လိုက်သောကြောင့် అదే ဖြစ်သွားပြီး ၎င်း అదే ကဲ့သို့ အသံရှည်ဖြင့်ဆုံးသော စကားလုံးနောက်မှ -ఆ လိုက်သောကြောင့် ఏ နှင့် ఆ တို့ကြားတွင် న్ (န) အသံ ပေါ်ပေါက်လာခြင်းဖြစ်သည်။
8.15.3. ఇదుగోనండీ (7.14)တွင်ပါဝင်သည့် သရသံဆက် ဖြစ်စဉ်ကို ပြန်သတိရပါ။ ထို့အတူ - అమ్మా သည်လည်း အလားတူ ပြောင်းလဲမှုကို ဖြစ်ပေါ်စေပါသည်။
|
ఇదుగో |
+ అమ్మా! |
= ఇదుగోనమ్మా! |
ဒီမှာလေ သမီး။ |
‘Here it is, dear (fem.)!’ |
|
మార్చిలో |
+ అమ్మా! |
= మార్చిలోనమ్మా! |
မတ်လမှာလေ သမီး။ |
‘It is in March, dear (fem.)!’ |
8.16. బగు-ကောင်းသော ‘good; nice; well; fine’ ဖြင့် တွဲဆက်ပြထားသော တည်ရှိမှုပြ ကြိယာ (ఉంది)၏ ပုံစံကွဲများကို သတိပြုပါ ။
|
(బాగు |
+ ఉంది) |
= బాగుంది. |
ကောင်းတယ်။ |
It/She is fine. |
|
(బాగు |
+ ఉన్నాయి) |
= బాగున్నాయి. |
ကောင်းတယ်။(အများ) |
These (neut.) are fine. |
|
(బాగు |
+ ఉన్నాడు) |
= బాగున్నాడు. |
သူ နေကောင်းတယ်။ |
He (non-hon.) is fine. |
|
(బాగు |
+ ఉన్నారు) |
= బాగున్నారు. |
သူ နေကောင်းတယ်။ သူတို့ နေ ကောင်းတယ်။ ခင်ဗျား နေကောင်းတယ်။ |
He/She (hon.) is fine; They (hum.) are fine; You (hon.sg. & pl) are fine. |
|
(బాగు |
+ ఉన్నావు) |
= బాగున్నావు. |
မင်း နေကောင်းတယ်။ |
You (non-hon. sg.) are fine. |
|
(బాగు |
+ ఉన్నాను) |
= బాగున్నాను. |
ငါ နေကောင်းတယ်။ |
I am fine. |
|
(బాగు |
+ ఉన్నాం) |
= బాగున్నాం. |
ငါတို့ နေကောင်းတယ်။ |
We are fine. |
8.17. ယဉ်ကျေးမှု မှတ်စု။
8.17.1. အောက်ပါဝါကျများကို သုံးသပ်ကြည့်ပါ။
|
ఎలా ఉన్నారు? |
(ခင်ဗျား)ဘယ်လို နေလဲ။ |
How are you? |
|
బాగున్నారా? |
ခင်ဗျား နေကောင်းလား။ |
Are you fine? |
|
మీ నాన్నగారెలా ఉన్నారు? |
မင်းတို့ အဖေ နေကောင်းလား။ |
How is your father? |
|
మీ తమ్ముడు బాగున్నాడా? |
မင်း ညီလေး နေကောင်းလား။ |
Is your younger brother fine? |
၎င်းတို့သည် ရင်းနှီးသူများကို နှုတ်ဆက်ရာတွင် အသုံးပြုသည့် အသုံးအနှုန်းများဖြစ်သည်။
8.17.2. ဤ သင်ခန်းစာတွင် ပါဝင်သော సొంత చెల్లెలు ဆိုသည်မှာ ညီမ အရင်းကို ဆိုလိုခြင်းဖြစ်ပါသည်။ (సొంత 'ကိုယ်ပိုင် ) Telugu ယဉ်ကျေးမှုတွင် ဖခင်၏ ညီအစ်ကိုများနှင့် မိခင်၏ ညီအစ်မများမှ မွေးသော သားသမီးများကို ညီအစ်ကို၊ ညီအစ်မ အရင်းများနှင့် တန်းတူဖြစ်သည်ဟု ယူဆကြသည်။ (သွေးနီး ဝမ်းကွဲ) అన్నయ్య၊ తమ్ముడు၊ అక్కయ్య၊ చెల్లెలు။ သို့ဖြစ်၍ ဖခင်၏ ညီအစ်ကိုများ၊ မိခင်၏ ညီအစ်မများမှမွေးသော သားသမီးများ နှင့် မွေးချင်း ညီအစ်ကို၊ ညီအစ်မများကို ကွဲပြားစေရန် సొంత ရည်ညွှန်းချက်ကို ယခင်ကတည်းက အသုံးပြုခဲ့ကြသည်။
(parallel cousin-သွေးနီး ဝမ်းကွဲ)
|
అన్నయ్య / తమ్ముడు |
အစ်ကို၊ ညီ (ဝမ်းကွဲ) |
‘elder/younger brother and parallel cousin’ |
|
సొంత అన్నయ్య / సొంత తమ్ముడు |
အစ်ကို၊ ညီ (အရင်း |
‘elder/younger brother’ |
|
అక్కయ్య / చెల్లెలు. |
အစ်မ၊ ညီမ (ဝမ်းကွဲ) |
elder/younger sister and parallel cousin’ |
|
సొంత అక్కయ్య / సొంత చెల్లెలు. |
အစ်မ၊ ညီမ (အရင်း |
‘elder/younger sister’ |
సొంత ရည်ညွှန်းချက်ကို သီးသန့် ခွဲခြားဖော်ပြရန် အတွက်သာ အသုံးပြုပြီး သာမန် ခေါ်ဆိုမှုများတွင် မသုံးပါ။
******************************