GRAMMAR NOTES 9
9.1. ဤသင်ခန်းစာတွင် -ది ဟာ နှင့် -వి ဟာတွေ တို့ကို မိတ်ဆက်ပေးထားသည်။ -దిသည် အနည်းကိန်းဖြစ်ပြီး၊ -వి သည် အများကိန်း ဖြစ်သည်။
9.1.1. -ది နှင့် -వి တို့ကို နာမ်စား၏ ပိုင်ဆိုင်မှုပြပုံစံ (2.2) တွင် ထည့်သွင်းပြထားသည်။
|
నాది |
'mine (sg.)'- |
ఆ కలం నాది. |
အဲ့ဒီ ဘောပင် ငါ့ဟာ။ |
'That pen is mine.' |
|
నావి |
'mine (pl.)'- |
ఆ కలాలు నావి. |
အဲ့ဒီ ဘောပင်တွေ ငါ့ဟာတွေ။ |
'Those pens are mine.' |
အခြားနာမ်စားများတွင် သုံးပြထားသည်။
|
మాది |
ငါတို့ဟာ |
ours (excl.)' |
మావి |
ငါတို့ဟာတွေ |
ours (excl.)' |
|
మనది |
ဒို့ဟာ |
'ours (incl.)' |
మనవి |
ဒို့ဟာတွေ |
'ours (incl.)' |
|
నీది |
နင့်ဟာ |
'yours (sg..)' |
నీవి |
နင့်ဟာတွေ |
'yours (sg..)' |
|
మీది |
ခင်ဗျားဟာ |
'yours (pl.)' |
మీవి |
ခင်ဗျားဟာတွေ |
'yours (pl.)' |
|
వాడిది |
သူ့ဟာ |
'his (one)' |
వాడివి |
သူ့ဟာတွေ |
'his (ones)' |
|
అతనిది |
သူ့ဟာ |
'his (one)' |
అతనివి |
သူ့ဟာတွေ |
'his (ones)' |
|
ఆమెది |
သူမဟာ |
'hers' |
ఆమెవి |
သူမဟာတွေ |
'hers' |
|
ఆయనది |
သူ့ဟာ |
'his (one)' |
ఆయనవి |
သူ့ဟာတွေ |
'his (ones)' |
|
వారిది |
သူ့ဟာ |
'his (one)/her' |
వారివి |
သူ့ဟာတွေ |
'his (ones)/her' |
|
వాళ్ళది |
သူတို့ဟာ |
adi 'theirs (hum.)' |
వాళ్ళవి |
သူတို့ဟာတွေ |
adi 'theirs (hum.)' |
|
దానిది |
သူ့ဟာ |
'hers/its (neut.)' |
దానివి |
သူ့ဟာတွေ |
'hers/its (neut.)' |
|
వాటిది |
သူတို့ဟာ |
'theirs (neut.)' |
వాటివి |
သူတို့ဟာတွေ |
'theirs (neut.)' |
9.1.2. -ది နှင့် -వి တို့ကို နာမ်စားများတွင် ပေါင်းစပ် အသုံးပြုပြခဲ့သည့် အတိုင်း နာမ်များ၏ နောက်တွင် ပေါင်းစပ်၍လည်း ၎င်းနာမ်၏ ပိုင်ဆိုင်မှုကို ဖော်ပြနိုင်ပါသည်။
|
రాముడిది- |
ఈ కలం రాముడిది. |
ဒီ ဘောပင် ရာမူဒူးဟာ။ |
This pen is Rama's.' |
|
రాముడివి- |
ఈ కలాలు రాముడివి. |
ဒီ ဘောပင်တွေ ရာမူဒူးဟာတွေ။ |
These pens are Rama's.' |
|
రాజుది- |
ఈ కుర్చీ రాజుది. |
ဒီ ထိုင်ခုံ ရာဂျူးဟာ။ |
This chair is Raju's.' |
|
రాజువి- |
ఈ కుర్చీలు రాజువి. |
ဒီ ထိုင်ခုံတွေ ရာဂျူးဟာတွေ။ |
These chairs are Raju's.' |
|
విజయది- |
ఈ పుస్తకం విజయది. |
ဒီ စာအုပ် ဝီဂျယဟာ။ |
This book is Vijaya's.' |
|
విజయవి- |
ఈ పుస్తకాలు విజయవి. |
ဒီ စာအုပ်တွေ ဝီဂျယဟာတွေ။ |
These books are Vijaya's.' |
* အချို့သောနာမ်စားများနှင့် နာမ်အချို့သည် ပိုင်ဆိုင်မှုပြပုံစံများအဖြစ် အသုံးပြုသည့်အခါ မည်သည့် ပြောင်းလဲမှုမျှ မဖြစ်ပေါ်ကြောင်း သတိရပါ။ (2.2.; 3.6.1.)
9.2. ఏది နှင့် అదుగో (7.13.)တို့ကို အခြား နာမ်စားများနှင့် တွဲ၍ အသုံးပြုပုံံများကို အောက်ပါ ဇယားတွင် တင်ပြထားသည်။
|
Description |
Interrogative words |
Indicative Predicates |
||||
|
Proximate |
Remote |
|||||
|
* Epi. Hon. sg. & pl. |
ఏరి |
ဘယ်သူလဲ |
ఇరుగో |
ဒီလူပဲ |
అరుగో |
အဲ့ဒီလူပဲ |
|
Masc. non-hon. sg. |
ఏడి |
ဘယ်သူတွေလဲ |
ఇడుగో |
ဒီလူပဲ |
అడుగో |
အဲ့ဒီလူပဲ |
|
Fem. non-hon. sg. |
ఏది |
ဘယ်သူလဲ |
ఇదుగో |
သူမပဲ |
అదుగో |
သူမပဲ(ဝေး) |
|
Neut. sg. |
ఏది |
ဘယ်ဟာလဲ |
ఇదుగో |
ဒီဟာပဲ |
అదుగో |
အဲ့ဒီဟာပဲ |
|
Neut. pl. |
ఏవి |
ဘယ်ဟာတွေလဲ |
ఇవిగో |
ဒီဟာတွေပဲ |
అవిగో |
အဲ့ဒီဟာတွေပဲ |
|
(* Please see footnote under 7.1.) |
|
|
|
|
||
9.3. పూలు သည် పువ్వు ၏ အများကိန်းဖြစ်သည်။
9.4. రుపాయి သည် အနည်းကိန်းဖြစ်သည်။ రుపాయలు 'rupees' သည် အများကိန်း ဖြစ်ပြီး య్ ၌ရှိသော ఇ သရသံ ကို မကြားရပါ။
9.5. ట్టు ဖြင့် ဆုံးသော နာမ်များ၌ အများကိန်း နောက်ဆက်တွဲ -లు ကို ပေါင်းပါက နောက်ဆုံးစာလုံး ట్టు သည် ట్ အဖြစ်သို့ ပြောင်းလဲသွားမည်။
|
చాక్లెట్టు |
+ లు |
= చాక్లెట్లు |
ချောကလတ်များ |
'chocolets' |
9.6. ဤသင်ခန်းစာတွင် ရိုးရှင်းသော နာမဝိသေသနများ ဖြစ်သော కొత్త အသစ် 'new' နှင့် పాత အဟောင်း 'old (not new)' တို့ကိုမိတ်ဆက်ပေးထားပါသည်။
9.7. မရေတွက်နိုင်သော သက်မဲ့ပစ္စည်းများ၏ ပမာဏကို မေးသောပုဒ် The interrogative mass (non-count) neuter pronoun ఎంత ဘယ်လောက်လဲ 'how much' ကိုလည်း မိတ်ဆက်ပေးထားပါသည်။
|
ఖరీదు ఎంత? |
ဈေးနှုန်း ဘယ်လောက်(ကျသင့်)လဲ |
'What is the price?' |
9.8. ဤသင်ခန်းစာတွင် အကြိမ်အရေအတွက်များကိုလည်း မိတ်ဆက်ပေးထားပါသေးသည်။ ကိန်းဂဏန်းများ၏ နောက်၌ -ఓ ကို ပေါင်းထည့်လိုက်ပါက အကြိမ်အရေအတွက်များ အဖြစ် ပြောင်းလဲသွားပါသည်။
9.8.1. အကြိမ်အရေအတွက်ပြပုဒ် -ఓ ကို အရေအတွက်အမေးနာမ်စား ఎన్ని ၏ နောက်၌ ပေါင်းထည့်လိုက်ပါက အကြိမ်အရေအတွက်အမေးပုဒ် ఎన్నో ဘယ်နှကြိမ်မြောက်လဲ အဖြစ်ပြောင်းလဲသွားပါမည်။
|
ఎన్నో |
ဘယ်နှကြိမ်မြောက်လဲ |
How many (Which) times? |
|
ఒకటో |
ပထမ (တစ်ကြိမ်မြောက်) |
'first' |
|
రెండో |
ဒုတိယ (နှစ်ကြိမ်မြောက်) |
'second' |
|
మూడో |
တတိယ (သုံးကြိမ်မြောက်) |
'third' |
|
నాలుగో |
စတုတ္ထ (လေးကြိမ်မြောက်) |
'fourth' |
|
ఎన్ని |
+ ఓ |
= ఎన్నో |
ဘယ်နှကြိမ်မြောက်လဲ |
|
|
అది ఎన్నో గది? |
ဘယ်နှ ခန်းမြောက်လဲ |
అది ఆరో గది. |
ခြောက်ခန်းမြောက် |
|
|
which room? |
|
sixth room. |
9.9. ఇంకా နောက်ထပ် 'more; တုန်းပဲ still; သေး yet' သည် ကြိယာဝိသေသနဖြစ်သည်။ သင်ခန်းစာ (4) တွင် မိတ်ဆက် ပေးထားသော ఇంకొక ကို သတိရပါ။ ఇంకొక သည် ఇంకా နောက်ထပ် နှင့် ఒక တစ်ခု ဟူသော စကားလုံး နှစ်လုံးကို ပေါင်းစပ်ထားခြင်းဖြစ်သည်။
|
అవి నాలుగు కలాలు. ఆ పెట్టె మీద ఇంకొక కలం ఉంది. အဲ့ဒါတွေက ဘောပင် လေးချောင်း။ အဲ့ဒီ သေတ္တာ ပေါ်မှာ နောက်ထပ် ဘောပင်တစ်ချောင်း ရှိ(သေး)တယ်။ These are four pens. There is one more pen on that box. |
9.10. కదా မဟုတ်ဘူးလား သည် လားမေးခွန်းပုံစံ ဖြစ်သော်လည်း အမှန်စင်စစ် ပြောဆိုသူသည် အဖြေကို ဦးစွာ ဖော်ပြပြီးသားဖြစ်နေသည်။ နားထောင်သူ၏ ထောက်ခံချက်ကိုသာ တောင်းခံသော ပုံစံဖြစ်သည်။
|
ఇవ్వేళ ఆదివారం కదా! |
ဒီနေ့ တနင်္ဂနွေနေ့ မဟုတ်လား။ |
Today is Sunday. Isn't it? |
|
నేను ఇక్కడే ఉన్నాను కదా! |
ငါ ဒီမှာပဲ ရှိ(နေ)တယ် မဟုတ်ဘူးလား။ |
I am here. Amn't you? |
|
మీరు డాక్టరు కదా! |
ခင်ဗျား ဆရာဝန် မဟုတ်လား။ |
You are a doctor. Aren't you? |
9.11. మరి ဒါနဲ့ အဲ့ဒါဆိုရင် စကားမစပ် 'then' သည် ပြောစရာစကား မပြီးဆုံးသေးကြောင်းနှင့် နောက်ထပ် ဆက်ပြောစရာ ရှိသေးကြောင်း ဖော်ပြသော စကားဖြစ်သည်။ 'then'၊ Hindi फिर तो.
|
మా తమ్ముడి పిల్లలు ఇక్కడే ఉన్నారు. |
ကျနော့် ညီရဲ့ ကလေးတွေ ဒီမှာနေတယ်။ |
'My brother's children are here.' |
|
మరి మీ తమ్ముడు ఎక్కడ ఉన్నాడు? |
ဒါနဲ့ ခင်ဗျား ညီ က ဘယ်မှာနေလို့လဲ။ |
'Then, where is your brother?' |
9.12. အောက်ပါကဲ့သို့ ဝါကျများတွင်၊
|
ఈ సంచీలో ఏం ఉన్నాయి? |
ဒီ အိတ်ထဲမှာ ဘာတွေ ရှိလဲ။ |
'What are there in this bag?' |
|
ఈ పెట్టెలో ఏం ఉంది? |
ဒီ သေတ္တာထဲမှာ ဘာရှိလဲ။ |
'What is there in this box?' |
အမေးပုဒ် ఏం ဘာ 'what'သည် အနည်းကိန်း နှင့် အများကိန်း အသုံးပြုကြောင်း သတိပြုပါ။ (၅.၁၀)။ ఏం పుస్తకం 'ဘယ်စာအုပ်လဲ' (3.11.)
9.12.1. အောက်ပါ ဇယားတွင် အသုံးများသော အမေးပုဒ်များ၏ ပုံစံကွဲများကို ဖော်ပြထားသည်။ အောက် ဖော်ပြပါ ဇယားသည် အချို့သော အမေးစကားလုံးများအား နာမ်စားများ၊ ခန့်မှန်းချက်များနှင့် နာမဝိသေသနများအဖြစ် အသုံးပြုကြောင်း ပြသထားသည်။ ఏం 'what' မှလွဲ၍ အခြားသော နာမ်စားများ အားလုံးအား ခန့်မှန်းချက်များ အဖြစ် အသုံးပြုကြောင်း ဇယား တွင် တွေ့မြင် နိုင်ပါသည်။ ఏం နှင့် ఏమిటి နှစ်ခုလုံးသည် 'what' 'ဘာ၊ ဘယ်' ဟု အဓိပ္ပါယ် ရပြီး၊ ఏం ကို နာမ်စားနှင့် နာမဝိသေသန အဖြစ် လည်းကောင်း၊ ఏమిటి အား ခန့်မှန်းချက် predicate အဖြစ် လည်းကောင်း သဘောတရားအရ ဖြည့်စွက် ဖြန့်ဝေမှုတွင် ရှိနေသည်။ ఎవరు 'who', ఏది 'which one' နှင့် ఏవి 'which ones' တို့အား နာမ်စားများ အဖြစ် မှတ်သားထားသောကြောင့် ၎င်းတို့အား နာမဝိသေသနများအဖြစ် အသုံးမပြုပါ။ ఏం, ఎన్ని နှင့် ఎంతమంది တို့သည် နာမဝိသေသနများ ဖြစ်ကြသည်။ တေလူဂူ ဘာသာစကားတွင် နာမဝိသေသနများကို နာမ်စားများ/နာမ်များနှင့် ကြိုတင်တွက်ဆချက်များ အဖြစ်လည်း အသုံးပြုပါသည်။
|
Interrogative word |
Its use as pronoun |
Its use as predicate |
Its use as adjective |
|
ఏమిటి? ဘာလဲ what' |
|
అది ఏమిటి? အဲ့ဒါ ဘာလဲ။ What is that? |
|
|
ఏం? ဘာ/ဘယ် what' |
ఏం ఉంది? ဘာ ရှိလဲ။ What is there? |
|
ఏం పుస్తకం? ဘာ စာအုပ်လဲ။ What book? |
|
ఎవరు? ဘယ်သူလဲ 'who' |
ఎవరు ఉన్నారు? ဘယ်သူ ရှိလဲ။ Who is/are there? |
అతను ఎవరు? သူ ဘယ်သူလဲ Who is he? |
|
|
ఏది? ဘယ်ဟာလဲ 'which (sg.)' |
ఏది నీ కలం? ဘယ်ဟာက မင်း ဘောပင်လဲ။ Which is your pen? |
నీ కలం ఏది? မင်း ဘောပင် ဘယ်ဟာလဲ။ Which/Where is your pen? |
|
|
ఏవి? ဘယ်ဟာတွေလဲ 'which (pl.)' |
ఏవి నీ కలాలు? ဘယ်ဟာတွက မင်း ဘောပင်တွေလဲ။ Which are your pens? |
నీ కలాలు ఏవి? မင်း ဘောပင်တွေက ဘယ်ဟာတွေလဲ။ Which are your pens? |
|
|
ఎన్ని? ဘယ်နှခုလဲ 'how many (neut)' |
ఎన్ని ఉన్నాయి? ဘယ်နှခု ရှိလဲ How many are there? |
అవి ఎన్ని? အဲ့ဒါတွေ ဘယ်နှခုလဲ How many are they (neut.)? |
|
|
ఎంతమంది? ဘယ်နှယောက်လဲ 'how many (hum.)' |
ఎంతమంది ఉన్నారు? ဘယ်နှယောက် ရှိလဲ။ How many persons are there? |
వాళ్ళు ఎంతమంది? သူတို့ ဘယ်နှယောက်လဲ။ How many (persons) are they? |
|
9.13. సరే! ကောင်းပြီ 'All right! Okay!'သည် အဆင်ပြေကြောင်း၊ ထောက်ခံကြောင်း၊ သဘောတူကြောင်း ဖော်ပြသော စကားဖြစ်သည်။
******************************