GRAMMAR NOTES 4
4.1. ဤ သင်ခန်းစာ တွင် အများကိန်းပြုနောက်ဆက်တွဲ - లు ကို မိတ်ဆက် ပေးထားပါသည်။ နာမ်ကို အများကိန်းဖြစ်စေရန် အများကိန်းပြုနောက်ဆက်တွဲ - లు ကို ၄င်းနာမ်၏ နောက်တွင် မဖြစ်မနေ ပေါင်းထည့်ပေးရသည်။ မွေးရာပါ အများကိန်းဖြစ်နေသော နာမ်တချို့ မှလွဲ၍ တေလူဂူ ဘာသာစကားရှိ နာမ် အားလုံးနီးပါးသည် အနည်းကိန်းများ ဖြစ်ကြသည်။ တစ်နည်းအားဖြင့် နာမ်များကို အနည်းကိန်းအဖြစ် အသုံးပြုသည့်အခါ နောက်ဆက်တွဲ မလိုအပ်ပါ။
|
‘wall’ နံရံ |
గోడ |
+లు à |
గోడలు |
‘walls’ နံရံများ |
|
‘window' ပြတင်းပေါက် |
కిటికీ |
+లు à |
కిటికీలు |
‘windows' ပြတင်းပေါက်များ |
|
‘door' တံခါး |
తలుపు |
+లు à |
తలుపులు |
‘doors' တံခါး |
|
‘photograph' ဓါတ်ပုံ |
ఫోటో |
+లు à |
ఫోటోలు |
‘photographs' ဓါတ်ပုံများ |
4.1.1. ఒక 'one'တစ်ခု၊ တစ်ကောင်၊ တစ်ယောက်မှ လွဲ၍ အခြားသော အရေအတွက်များ အားလုံးကို ဖော်ပြရန် အတွက် အရေအတွက်ပြ နာမဝိသေသနကို နာမ်၏ ရှေ့တွင် မဖြစ်မနေ ဖော်ပြပေးရမည်။
|
ఒక కుక్క. |
ခွေး တစ်ကောင် |
‘one dog.’ |
|
రెండు తలుపులు. |
တံခါး နှစ်ချပ် |
‘two doors’ |
|
మూడు కుర్చీలు. |
ထိုင်ခုံ သုံးလုံး |
‘three chairs’ |
|
నాలుగు కిటికీలు. |
ပြတင်းပေါက် လေးခု |
‘four windows’ |
|
ఆరు బల్లలు. |
စားပွဲ ခြောက်လုံး |
‘six tables/benches’ |
4.2. (అం)အသံဖြင့် ဆုံးသော နာမ်များကို အများကိန်းပြုနောက်ဆက်တွဲ (-లు)ဖြင့် တွဲဆက်သောအခါ (అం)အသံ သည် (ఆ)အသံ အဖြစ်သို ပြောင်းလဲသွားမည်။
|
'pen' |
కలం |
+ లు è |
కలాలు |
'pens' ဘောပင်များ |
|
'book' |
పుస్తకం |
+ లు è |
పుస్తకాలు |
'books' စာအုပ်များ |
4.3. တတိယလူ လိင်မဲ့ သက်မဲ့နာမ်များ၏ ရှိခြင်းနှင့် မရှိ(မဲ့)ခြင်း ပြပုဒ်များကို ကိန်းအလိုက် ဖော်ပြပေးထားပါသည်။
|
ఉంది. |
ရှိတယ်။ |
‘There is’ |
|
ఉన్నాయి. |
ရှိကြတယ်။ |
‘There are’ (plural of ఉంది) |
|
లేదు. |
မရှိဘူး။ |
‘There is no’ (negative of ఉంది) |
|
లేవు. |
မရှိကြဘူး။ |
‘There are no’ (negative of ఉన్నాయి and plural of లేదు) |
4.4. ဤသင်ခန်းစာတွင် ဖော်ပြခဲ့သော အမေးပုဒ် (1.3) များကို အောက်ပါအတိုင်း မိတ်ဆက်ပေးထားပါသည်။
4.4.1. ఎక్కడ 'where'(1.3) ဘယ်မှာလဲ သည် နေရာမေးကြိယာဝိသေသနဖြစ်သည်။
|
కుక్క ఎక్కడ ఉంది? |
ခွေး ဘယ်မှာ(ရှိ)လဲ။ |
‘Where is the dog?’ |
4.4.2. ఎన్ని ဘယ်နှခုလဲ 'how many' သည် အရေအတွက်ကိုမေးသော နာမ်စား နာမဝိသေသနဖြစ်၍ အရေအတွက်ကို မေးရန်အတွက် အသုံးပြုသည်။ ကြိုတင်ခန့်မှန်းမှု အတွက်လည်း အသုံးပြုနိုင်သည်။ လူ နာမ်များတွင် အသုံးမပြုပါ။
|
అవి ఎన్ని కలాలు? |
အဲ့ဒါ ဘောပင် ဘယ်နှချောင်းလဲ။ |
‘How many pens are they?’ |
|
ఆ కలాలు ఎన్ని? |
အဲ့ဒီ ဘောပင်တွေက ဘယ်နှချောင်းလဲ။ |
‘How many pens are they?’ |
|
అవి ఎన్ని కుక్కలు? |
အဲ့ဒါ ခွေး ဘယ်နှကောင်လဲ။ |
‘How many dogs are they?’ |
|
ఆ కుక్కలు ఎన్ని? |
အဲ့ဒီ ခွေးတွေ ဘယ်နှကောင်လဲ။ |
‘How many dogs are they?’ |
4.4.3. ఏవి ဘယ်ဟာတွေလဲ 'Which are' သည် အများကိန်း လိင်မဲ့ သက်မဲ့နာမ်စားဖြစ်၍ ఏది ဘယ်ဟာလဲ' which is' (1.3.) ၏ အများကိန်းဖြစ်သည်။
|
ఏవి నీ కలాలు? |
မင်းရဲ့ ဘောပင်တွေ ဘယ်ဟာတွေလဲ။ |
‘Which are your pens?’ |
4.5. '-లో , ၌၊ မှာ၊ တွင်, ဝယ်၊ က in, at' သည် တည်နေရာပြ နောက်ဆက်တွဲ ဝိဘက်ဖြစ်သည်။
|
కలం పెట్టెలో ఉంది. |
ဘောပင် သေတ္တာထဲမှာ ရှိတယ်။ |
‘The pen is in the box.' |
|
నువ్వు ఆ కుర్చీలో కూర్చో. |
မင်း အဲ့ဒီ ထိုင်ခုံမှာ ထိုင်။ |
‘Sit in that chair.' |
4.6. အောက်ပါ တို့သည် နေရာပြ နောက်ဆက်တွဲဝိဘတ်များ ဖြစ်ကြသည်။
|
మీద |
အပေါ် မှာ |
‘on / upon' |
|
కలం బల్ల మీద ఉంది. |
ဘောပင် စားပွဲပေါ်မှာ ရှိတယ်။ |
‘The pen is on the table.' |
|
కింద |
အောက်မှာ |
‘under/ beneath/ below' |
|
పెట్టె బల్ల కింద ఉంది. |
သေတ္တာ စားပွဲ အောက်မှာ ရှိတယ်။ |
‘The pen is beneath the table.' |
|
దగ్గర |
အနား၊ အနီးမှာ |
‘at, near' |
|
కుక్క బల్ల దగ్గర ఉంది. |
ခွေး စားပွဲ နားမှာ ရှိတယ်။ |
‘The dog is at the table.' |
|
పక్కన |
ဘေးမှာ |
‘by the side of' |
|
పిల్లి గోడ పక్కన ఉంది. |
ကြောင် နံရံ ဘေးမှာ ရှိတယ်။ |
‘The cat is by the side of the wall.' |
4.7. అవి အဲ့ဒါတွေ 'those (ones)' နှင့် ఇవి ဒါတွေ 'these (ones)' တို့သည် တတိယလူ သက်မဲ့ လိင်မဲ့ အများကိန်း နာမ်စားများ ဖြစ်ကြသည်။ అది အဲ့ဒါ 'that (one)' နှင့် ఇది ဒါ 'this (one)' တို့သည် တတိယလူ သက်မဲ့ လိင်မဲ့ အနည်းကိန်း နာမ်စားများ ဖြစ်ကြသည်။ ఏవి ဘယ်ဟာတွေလဲ 'which (ones)' သည် ၄င်းတို့၏ အမေးပုဒ်ဖြစ် ပြီး ఏది ဘယ်ဟာလဲ 'which (ones)' ၏အများကိန်းဖြစ်သည်။
|
|
တတိယလူ သက်မဲ့ နည်း |
တတိယလူ သက်မဲ့ များ |
||||
|
Remote ဝေး
|
అది |
အဲ့ဒါ/ဟိုဟာ |
'that (one)' |
అవి |
အဲ့ဒါတွေ/ဟိုဟာတွေ |
'those (ones)'
|
|
Proximate နီး
|
ఇది |
ဒါ/ဒီဟာ |
'this (one)' |
ఇవి |
ဒါတွေ/ဒီဟာတွေ |
'these (ones)'
|
|
Interrogative မေး
|
ఏది |
ဘယ်ဟာ |
'which (one)' |
ఏవి |
ဘယ်ဟာတွေ |
'which (ones)'
|
|
అది గడియారం. |
အဲ့ဒါ နာရီ။ |
That is a clock
|
|
అది కలం. |
အဲ့ဒါ ဘောပင်။ |
This is a pen. |
|
ఏది నీ పుస్తకం? |
ဘယ်ဟာ နင့် စာအုပ်လဲ။ |
Which is your book? |
|
అవి గడియారాలు. |
အဲ့ဒါတွ နာရီတွေ။ |
Those are clocks. (ones)
|
|
అవి కలాలు. |
အဲ့ဒါတွေ ဘောပင်တွေ။ |
These are pens. |
|
ఏవి నీ పుస్తకాలు. |
ဘယ်ဟာတွေက နင့် စာအုပ်တွေလဲ။ |
Which are your books? |
4.8. ఆ အဲ့ဒီ/ဟို 'that/those (ones)' နှင့် ఈ ဒီ 'this/these (ones)' တို့သည် သရုပ်ပြ နာမဝိသေသနများ ဖြစ်ကြသည်။ ఏ ဘယ်ဟာ/ဘာ 'which'. သည် အမေးပုဒ်ဖြစ်သည်။ ၄င်းတို့ဖြင့် လိင်နှင့် ကိန်းကို မဖော်ပြနိုင်ပါ။
|
ఆ కలం / ఆ కలాలు |
အဲ့ဒီ ဘောပင် /အဲ့ဒီ ဘောပင်တွေ |
'that pen' / 'those pens' |
|
ఈ తలుపు / ఈ తలుపులు |
ဒီ တံခါး/ ဒီ တံခါးတွေ |
'this door' / 'these doors' |
|
ఏ కుర్చీ? / ఏ కుర్చీలు? |
ဘယ် ထိုင်ခုံလဲ?/ ဘယ်ထိုင်ခုံတွေလဲ? |
'which chair?' / 'which chairs?' |
4.9. တစ်မှ ဆယ့်နှစ် အထိ ကိန်းဂဏန်းများကိုလည်း ဤ သင်ခန်းစာတွင် မိတ်ဆက်ပေးထားပါသည်။
4.10. 'တစ်ခု၊ တစ်ကောင်' တို့ မှလွဲ၍ အခြား ကိန်းဂဏန်း တစ်ခုခုကို နာမ်စားအဖြစ် အသုံးပြုသည် ဖြစ်စေ၊ နာမဝိသေသနအဖြစ် အသုံးပြုသည် ဖြစ်စေ ၎င်း၏ ပုံစံသည် ပြောင်းလဲမှု မရှိကြောင်း သတိပြုပါ။ တစ်ခု၊တစ်ကောင် တို့၏ နာမ်စား ပုံစံ နှင့် နာမဝိသေသန ပုံစံတို့မှာ_
|
ఒక... |
တစ်... |
'One' (num. adj) နာမသိသေသန |
è ఒక ఇల్లు. |
အိမ် တစ်အိမ်၊ |
'One house' |
|
ఒకటి |
တစ် |
'One' (num. pro.) နာမ်စား |
è అది ఒకటి. |
အဲ့ဒါ တစ်ခု၊ |
'That is one' |
'တစ်ခု တစ်ကောင်' မှလွဲ၍ အခြားကိန်းဂဏန်းများကို နာမဝိသေသန ပုံစံ အပြင် နာမ်စား ပုံစံအဖြစ်လည်း အသုံးပြု နိုင်ပါသည်။
|
రెండు కలాలు. |
ဘောပင် နှစ်ချောင်း၊ |
‘Two pens.' |
|
అవి రెండు. |
အဲ့ဒါတွေက နှစ်ခု။ |
‘Those are two.' |
|
మూడు కుక్కలు. |
ခွေး သုံးကောင်။ |
‘Three dogs.' |
|
అవి మూడు. |
အဲ့ဒါတွေက သုံးခု။ |
‘Those are three.' |
|
పది కుర్చీ. |
ခုံ ဆယ်လုံး။ |
‘Ten chairs.' |
|
అవి పది. |
အဲ့ဒါတွေက ဆယ်ခု။ |
‘Those are ten.' |
4.11. ఏమిటి ဘာလဲ 'What' ကို အနည်းကိန်းနှင့် အများကိန်း အမေးနာမ်စား နှစ်မျိုးလုံးအတွက် အသုံးပြုနိုင်သည်။
|
అది ఏమిటి? |
'What is that?' |
అవి ఏమిటి? |
'What are they?' |
4.12. కొన్ని အချို့ 'some' သည် ရေတွက်ရန် ဖြစ်နိုင်သော်လည်း မတိကျသောကိန်းပြ သက်မဲ့ နာမ်စား (4.4.2) ဖြစ်သည်။. ၄င်းကို နာမဝိသေသန အဖြစ်လည်း အသုံးပြုနိုင်သည်။ (ie. Neuter indefinite count pronominal adjective.)
|
కొన్ని బల్ల మీద ఉన్నాయి. |
အချို့က စားပွဲ ပေါ်မှာ ရှိတယ်။ |
'Some are on the table.' |
|
కొన్ని కలాలు పెట్టెలో ఉన్నాయి. |
အချို့ ဘောပင်တွေက သေတ္တာပေါ်မှာ ရှိတယ်။ |
'Some pens are in the box.' |
4.13. అన్నీ အားလုံး 'all' သည် ရေတွက်ရန် ဖြစ်နိုင်သော သက်မဲ့ နာမ်စား ဖြစ်သည်။
|
పుస్తకాలు అన్నీ బల్ల మీద లేదు. |
စာအုပ်တွေ အားလုံး စားပွဲပေါ်မှာ မရှိဘူး။ |
'All the books are not on the table.' |
4.14. အောက်ပါ အတိုကောက် ဝါကျများ ၏ အသုံးပြုပုံများကို သတိပြုပါ။
|
బల్ల మీద ఇంకొక కలం ఉంది. |
စားပွဲ ပေါ်မှာ နောက်ထပ် ဘောပင် တစ်ချောင်း ရှိတယ်။ |
'There is another pen on the table.' |
|
ఏ బల్ల మీద? |
ဘယ် စားပွဲ ပေါ်မှာလဲ။ |
'On which table?' |
|
ఈ బల్ల మీద. |
ဒီ စားပွဲ ပေါ်မှာ။ |
'On this table.' |
|
నా పుస్తకం బల్ల మీద లేదు. బల్ల కింద ఉంది. |
ကျနော့် စာအုပ် စားပွဲပေါ်မှာ မရှိဘူး။ သေတ္တာ အောက်မှာ ရှိတယ်။ |
'My book is not on the table; (It is) beneath the table.' |