7.1. ဤသင်ခန်းစာတွင် တည်ရှိမှုပြကြိယာ (ఉన్న) ၏ အနာဂတ် ကာလ မဟုတ်သော ပုံစံများကို မိတ်ဆက်ပေး ထားပါသည်။ (၄.၃) ဤကြိယာသည် အင်္ဂလိပ်လို verb နှင့်တူသည်။ သင်ခန်းစာ (4) တွင် အနည်းကိန်းနှင့် အများကိန်း လိင်မဲ့ပုံစံ နှစ်မျိုးလုံးကို မိတ်ဆက်ပေးခဲ့သည်။ ဤသင်ခန်းစာတွင် မိတ်ဆက်ထားသော ပုံစံများနှင့်တကွ နမူနာများသည် ပြီးပြည့်စုံပြီး -
-ကြိယာနှင့် မတူညီသော နောက်ဆက်တွဲများဖြင့် အမှတ်အသားပြုထားသော ပြုလုပ်သူကြားတွင် သဘောတူ ထားသည့် လူ၊ လိင် နှင့် ကိန်းတို့ ရှိနေသည်ကို သတိပြုပါ။
-ဤနောက်ဆက်တွဲများသည် လိင်နှင့် ကိန်းတို့ကို ထင်ဟပ်စေသော်လည်း အလွယ်တကူ ကိုးကားရန် ၎င်းတို့ကို ရိုးရှင်းသော ကိုယ်ရေးကိုယ်တာ အမှတ်အသားများ ဟုလည်းခေါ်သည်။
|
I per.* sg. |
నేను ఇక్కడ ఉన్నాను. |
ကျနော် ဒီမှာ ရှိတယ်။ |
I am/was here. |
|
I per pl. (excl.) |
మేం ఇక్కడ ఉన్నాం. |
ကျနော်တို့ ဒီမှာ ရှိတယ်။ |
We are/were here. |
|
I per. pl. (incl.) |
మనం ఇక్కడ ఉన్నాం. |
ကျနော်တို့ ဒီမှာ ရှိတယ်။ |
We are/were here. |
|
II per. non-hon. sg. |
నువ్వు ఇక్కడ ఉన్నావు. |
မင်း ဒီမှာ ရှိတယ်။ |
You are/were here. |
|
II per. pl. & hon. sg. |
మీరు ఇక్కడ ఉన్నారు. |
ခင်ဗျား ဒီမှာ ရှိတယ်။ |
You are/were here. |
|
III per. inf. masc. sg. |
వాడు ఇక్కడ ఉన్నాడు. |
သူ ဒီမှာ ရှိတယ်။ |
He is/was here. |
|
III per. eql. masc. sg. |
అతను ఇక్కడ ఉన్నాడు. |
သူ ဒီမှာ ရှိတယ်။ |
He is/was here. |
|
III per. inf. fem. sg. |
అది ఇక్కడ ఉంది. |
အဲ့ဒါ ဒီမှာ ရှိတယ်။ |
She is/was here. |
|
III per. eql. fem. sg. |
ఆమే ఇక్కడ ఉంది. |
သူမ ဒီမှာ ရှိတယ်။ |
She is/was here. |
*
|
epi.: epicene ဒွိလိင် |
fem.: feminine ဣတ္ထိလိင် |
incl.: inclusive ပါဝင်သော |
per.: person လူ |
|
eql.: equal တန်းတူ |
hon.: honorific ရိုသေစွာ |
masc.: masculine ပုလ္လိင် |
pl.: pluralအများကိန်း |
|
excl.: exclusive သီးသန့် |
hum.: human လူပုဂ္ဂိုလ် |
neut.: neuter သက်မဲ့ |
sg.: singularအနည်းကိန်း |
|
III per. hon. hum. epi. sg. |
ఆమేఇక్కడ ఉన్నారు. ఆయన ఇక్కడ ఉన్నారు. |
သူ/သူမ ဒီမှာ ရှိတယ်။ |
He/She is/was here. |
|
III per. formal hum. epi. sg. |
వారు ఇక్కడ ఉన్నారు. |
သူ ဒီမှာ ရှိတယ်။ |
He/She is/was here. |
|
III per. hum. epi. pl. |
వాళ్ళు ఇక్కడ ఉన్నారు. |
သူတို့ ဒီမှာ ရှိတယ်။ |
They are/were here. |
|
III per. neut. sg. |
అది ఇక్కడ ఉంది. |
အဲ့ဒါ ဒီမှာ ရှိတယ်။ |
It is/was here. |
|
III per. neut. pl. |
అవి ఇక్కడ ఉన్నాయి. |
အဲ့ဒါတွေ ဒီမှာ ရှိတယ်။ |
They are/were here. |
အထက်ပါ ဇယားမှ ఉన్నారు သည် ဒုတိယလူနှင့် တတိယလူ အနည်းကိန်း အများကိန်း တို့အား ရိုသေစွာ ပြောဆိုခြင်းတို့ ၌ အသုံးပြုသော ဘုံပုံစံ ဖြစ်ပြီး၊ ఉంది သည် တတိယလူ ဣတ္ထိလိင် အနည်းကိန်းအား နူးညံ့သိမ်မွေ့စွာနှင့် တန်းတူရည်တူ ပြောဆိုခြင်းတို့ ၌လည်ကောင်း၊ သက်မဲ့ပစ္စည်း အနည်းကိန်းတို့အား လည်ကောင်း အသုံးပြုသော ဘုံပုံစံ ဖြစ်သည်။
7.2. သင်ခန်းစာ (7.1) တွင် ဖော်ပြခဲ့သော ပုံစံများ၏ အလားအလာရှိသော အငြင်း ဖော်ပြမှုများမှာ အောက်ပါတို့ဖြစ်သည်။
|
Affirmative form of the existential verb. |
Negative forms of the existential verb |
Description of the person-gender-number |
|
|
ఉన్నాను |
నేను ఇక్కడ లేను. |
I am/was not here. |
I per. sg. |
|
ఉన్నాము |
మేం ఇక్కడ లేం. |
We are/were not here. |
I per. excl. pl. |
|
ఉన్నాము |
మనం ఇక్కడ లేం. |
We are/were not here. |
I per. incl. pl. |
|
ఉన్నావు |
నువ్వు ఇక్కడ లేవు. |
You are/were not here. |
II per. non- hon. sg. |
|
ఉన్నారు |
మీరు ఇక్కడ లేరు. |
You are/were not here. |
II per. pl & hon. sg. |
|
ఉన్నాడు |
వాడు ఇక్కడ లేడు. |
He is/was not here. |
III per. inf. masc. sg. |
|
ఉన్నాడు |
అతను ఇక్కడ లేడు. |
He is/was not here. |
III per. eql. masc. sg. |
|
ఉంది |
అది ఇక్కడ లేదు. |
She is/was not here. |
III per. inf. fem. sg. |
|
ఉంది |
ఆమె ఇక్కడ లేదు. |
She is/was not here. |
III per. eql. fem. sg. |
|
ఉన్నారు |
ఆమె/ ఆయన ఇక్కడ లేరు. |
He/She is/was not here. |
III per. hon. Hum epi. sg. |
|
ఉన్నారు |
వారు ఇక్కడ లేరు. |
He/She is/was not here. |
III per. Formal hum. epi. sg. |
|
ఉన్నారు |
వాళ్ళు ఇక్కడ లేరు. |
They are/were not here. |
III per. hum. epi. pl. |
|
ఉంది |
అది ఇక్కడ లేదు. |
It is/was not here. |
III per. neut. sg. |
|
ఉన్నాయి |
అవి ఇక్కడ లేవు. |
These are/were not here. |
III per. neut. pl. |
లేవు သည် ငယ်ရွယ်သူ ဒုတိယလူ အနည်းကိန်းနှင့် တတိယလူ သက်မဲ့ အများကိန်းတို့၌ အသုံးပြုသော ဘုံပုံစံ ဖြစ်သည်။
లేదు သည် တတိယလူ ဣတ္ထိလိင် အနည်းကိန်းအား နူးညံ့သိမ်မွေ့စွာနှင့် တန်းတူရည်တူ ပြောဆိုခြင်းတို့၌ လည်ကောင်း၊ တတိယလူ သက်မဲ့ပစ္စည်း အနည်းကိန်းတို့အား လည်ကောင်း၊ အသုံးပြုသော ဘုံပုံစံ ဖြစ်သည်။
లేరు သည် ဒုတိယလူ အနည်းကိန်းအား ရိုသေစွာ ပြောဆိုခြင်း၌ လည်းကောင်း၊ ဒုတိယလူအများကိန်း နှင့် တတိယလူ အများကိန်းတို့အားလည်းကောင်း အသုံးပြုသော ဘုံပုံစံ ဖြစ်သည်။
7.3. တေလူဂူဘာသာစကားရှိ ကြိယာ၏ကာလပုံစံများက ပြုလုပ်သူ- လိင်-ကိန်းနှင့် သဘောတူညီချက်တစ်ခုကို ဖော်ပြသည်။ ပြုလုပ်သူ၏ လူ-လိင်နှင့် ကိန်းကို မှတ်သားဖော်ပြသည့် ကိုယ်ပိုင် နောက်ဆက်တွဲများကို အောက်တွင်ဖော်ပြထားသည်။
|
నేను |
: ను |
ఉన్నా- ను |
లే - ను |
|
మేము/మనం |
: ము |
ఉన్నా – ము |
లే – ము |
|
నువ్వు |
: వు |
ఉన్నా – వు |
లే – వు |
|
మీరు |
: రు. |
ఉన్నా – రు |
లే - రు. |
|
ఆయన/ ఆమె/ వారు |
: రు. |
ఉన్నా - రు |
లే - రు. |
|
వాళ్ళు |
: రు. |
ఉన్నా - రు |
లే - రు. |
|
వాడు/ అతను |
: డు. |
ఉన్నా - డు |
లే - డు. |
|
అది/ ఆమె |
: ది./దు. |
ఉం - ది |
లే - దు. |
|
అవి /ఇవి |
: యి./వు. |
ఉన్నా - యి |
లే - వు. |
7.4. 7.1., 7.2., နှင့် 7.3. တို့တွင် ပေးထားသော တတိယလူ နာမ်စားများအတွက် ပုံစံကွဲ ဥပမာများ အားလုံးသည် အဝေးညွှန် နာမ်စားပုံစံများ ဖြစ်သည်။ အလားတူ ကိုယ်ပိုင် နောက်ဆက်တွဲများကို အနီးညွှန် နာမ်စား ပုံစံများအတွက်လည်း အသုံးပြုနိုင်သည်။
|
ဝေး |
နီး |
ဝေး |
နီး |
|
వాడు ఉన్నాడు. |
వీడు ఉన్నాడు. |
అతను ఉన్నాడు. |
ఇతను ఉన్నాడు. |
|
ఆమె ఉంది. / ఆమె ఉన్నారు. |
ఈమె ఉంది. / ఈమె ఉన్నారు. |
ఆయన ఉన్నారు. |
ఈయన ఉన్నారు. |
|
వారు ఉన్నారు. |
వీరు ఉన్నారు. |
వాళ్ళు ఉన్నారు. |
వీళ్ళు ఉన్నారు. |
|
అది ఉంది. |
ఇది ఉంది. |
అవి ఉన్నాయి. |
ఇవి ఉన్నాయి. |
7.5. တည်ရှိမှုပြ ကြိယာ(ఉన్న)နှင့် ၎င်း၏ အငြင်း ဖော်ပြချက် (లే) နှစ်မျိုးစလုံးသည် အတိတ်နှင့် ပစ္စုပန်တို့ကိုသာ ဖော်ပြနေပြီး၊ အနာဂတ်မဟုတ်သော ကာလတွင် ရှိနေကြောင်း သတိပြုနိုင်သည်။
|
ఇప్పుడు నేను ఇక్కడ ఉన్నాను. |
အခု ကျနော် ဒီမှာ ရှိ(နေ)တယ်။ |
Now I am here. |
|
అప్పుడు నేను ఇక్కడ ఉన్నాను. |
အဲ့ဒီ အချိန်က ကျနော် ဒီမှာ ရှိ(ခဲ့)တယ်။ |
At that time I was here. |
|
ఇప్పుడు అతను ఇక్కడ లేడు. |
အခု သူ ဒီမှာ မရှိ(နေ)ဘူး။ |
Now he is not here. |
|
అప్పుడు అతను ఇక్కడ లేడు. |
အဲ့ဒီ အချိန်က သူ ဒီမှာ မရှိ(ခဲ့)ဘူး။ |
At that time he was not here. |
7.6. သိမ်မွေ့စွာ ပြောဆိုရသော တတိယလူ အနည်းကိန်း( အမျိုးသမီး) ကို ဤသင်ခန်းစာတွင် မိတ်ဆက်ပေးထားသည်။
7.6.1. వాడు ‘he’ သည် ရင်းနီးစွာနှင့် သိမ်မွေ့စွာ ပြောဆိုရသော တတိယလူ အဝေးညွှန် အနည်းကိန်း ပုလ္လိင်နာမ်စား ဖြစ်သည်။ వాడి ‘his’သည် ၎င်း వాడు ၏ ပိုင်ဆိုင်မှုပြ ပုံစံဖြစ်သည်။
7.6.2. వీడు ‘he’ သည် ရင်းနီးစွာနှင့် သိမ်မွေ့စွာ ပြောဆိုရသော တတိယလူ အနီးပြ အနည်းကိန်း ပုလ္လိင်နာမ်စား ဖြစ်သည်။. వీడి ‘his’ သည် ၎င်း వీడు ၏ ပိုင်ဆိုင်မှုပြ ပုံစံဖြစ်သည်။
7.6.3. దాని အဲ့ဒါရဲ့ နှင့် దీని ဒါရဲ့ (1.2. and 3.5.)တို့သည် အနည်းကိန်း သက်မဲ့ပစ္စည်း နာမ်စား అది(ဝေး) အဲ့ဒါ‘it’ နှင့် ఇది(နီး) ဒါ ‘it’ တို့၏ ပိုင်ဆိုင်မှုပြ ပုံစံများ အသီးသီးဖြစ်ကြပြီး နူးညံ့စွာပြောဆိုရသော တတိယလူ ဣတ္ထိလိင်အနည်းကိန်း နာမ်စား ‘သူမ၏’ အဖြစ်လည်း အသုံးပြုသည်။
7.6.3.1. దాని သည် နူးညံ့စွာပြောဆိုရသော ပိုင်ဆိုင်မှုပြ တတိယလူ အဝေးညွှန် ဣတ္ထိလိင် အနည်းကိန်း နာမ်စား ‘သူမ၏’ ဖြစ်သည်။
7.6.3.2. దీని သည် နူးညံ့စွာပြောဆိုရသော ပိုင်ဆိုင်မှုပြ တတိယလူ အနီးပြ ဣတ္ထိလိင် အနည်းကိန်း နာမ်စား ‘သူမ၏’ ဖြစ်သည်။
7.6.4. వాడు, వీడు, అది နှင့် ఇది စသည့် နူးညံ့စွာ ခေါ်ဆိုရသော နာမ်စားများ၏ ပိုင်ဆိုင်မှုပြ ပုံစံများကို မိမိပိုင်ဆိုင်မှုများ၊ ကလေးများ၊ ရင်းနီးသော ဆက်ဆံရေးရှိသူများကို ရည်ညွှန်းရန်အတွက်သာ အသုံးပြုကြသည်။
7.7. అమ్మాయి ‘girl’ နှင့် అబ్బాయి ‘boy’ တို့သည် သမီး ‘daughter’ နှင့် သား ‘son’ တို့ကို ခေါ်ဆိုရာ၌လည်း အသုံးပြုကြသည်။ အများကိန်းအနေဖြင့်လည်း အသုံးပြုကြသည်။
|
మీ అమ్మాయి |
ခင်ဗျား သမီး |
‘your (sg.) daughter’ |
|
మా అబ్బాయి |
ငါ့ /တို့ သား |
‘my son’ |
|
శర్మగారి అమ్మాయి |
ဦး ရှရ်မ ရဲ့ သမီး |
‘Mr. Sarma’s daughter’ |
|
రావుగారి అబ్బాయి |
ဦးရောင်း၏ သား |
‘Mr. Rao’s son’ |
7.8. ချွင်းချက် အနေဖြင့် అమ్మాయి နှင့် అబ్బాయి တို့သည် -యి ဖြင့် ဆုံးသော်လည်း (5.7.1.) တွင် ဖော်ပြခဲ့သကဲ့သို့ -లు ဖြင့် တွဲဆက်ပါက နောက်ဆုံး ఇ အသံသည် ఉ အသံသို့ မပြောင်းလဲသွားပေ။
|
అమ్మాయి - లు |
అమ్మాయిలు |
သမီးများ/ မိန်းကလေးများ |
‘girls’ |
|
అబ్బాయి - లు |
అబ్బాయిలు |
သားများ/ ယောကျ်ားလေးများ |
‘boys’ |
7.9. నేనూ లేను ‘I am also not there.’ဟူသော ဝါကျ၌ နောက်ဆုံး သရသံသည် အသံရှည် အဖြစ် သုံးထားသည်မှာ కూడా လည်းပဲ ‘also’ဟူသော အဓိပ္ပါယ် ဖြစ်သည်။
|
నేను లేను, మా చెల్లెలు కూడా లేదు. |
ကျနော် မရှိဘူး၊ ကျနော့ ညီမလေးလည်း မရှိဘူး။ ‘I am not there. My sister is also not there.’ |
|
నేను లేను, మా చెల్లెలూ లేదు. |
|
|
నువ్వు లేవు, నేను కూడా లేను. |
မင်း မရှိဘူး၊ ငါလည်း မရှိဘူး။ ‘You are not there. I am also not there.’ |
|
నువ్వు లేవు, నేనూ లేను. |
သင်ခန်းစာ (5.6.)တွင်ကဲ့သို့ రవీ, రామూ ‘Ravi နှင့် Ramu’ သရအသံတို နာမ်များကို အသံရှည် များအဖြစ် ပြောင်းလဲ၍ တွဲဆက် အသုံးပြုလိုက်ပါက ၎င်း နာမ် နှစ်ခုကို စကားဆက် ‘နှင့် and’ဖြင့် ချိတ်ဆက်ထားသည့် သဘောဖြစ်သည်။
7.9.1. အကယ်၍ ဝါကျတစ်ခုအတွင်းရှိ ကြိယာ တစ်ခုတည်းနှင့်ပတ်သက်နေသော နာမ်များသို့မဟုတ် တူညီသော ဖော်ပြချက်များနှင့် နာမ်၊ နာမ်စား များ၏ အဆုံးသရအသံတိုများကို အသံရှည်များအဖြစ် ပြောင်းလဲ ဖော်ပြထားပါက ရော-ရော၊ ရယ်-ရယ်၊ နှင့်အတူ-လည်းပဲ ‘also’ ဟူသော ဖွဲ့စည်းမှု ဖြစ်လာမည်။
|
ఈ ఫోటోలో నువ్వూ, మీ చెల్లెలూ ఎందుకు లేరు? |
ဒီ ပုံထဲမှာ မင်းရော မင်းညီမလေးရော ဘာလို့ မပါတာလဲ။ Why are you and your sister not there in this photograph? |
|
ఈ ఫోటోలో అమ్మా, నాన్నగారూ లేరు. |
ဒီ ပုံထဲမှာ အမေရော အဖေရော မပါဘူး။ Mother and father are not there in this photograph. |
|
నువ్వూ లేవు, నేనూ లేను. |
မင်း မရှိသလို၊ ငါလည်း မရှိဘူး။ You are not there; I am also not there. |
|
రవీ ఉన్నాడు, లతా ఉంది. / రవీ, లతా ఉన్నారు. |
ရဝီရော လသ ရော ရှိတယ်။ Ravi is there; Lata is also there. |
7.10. ఎందుకు ဘာကြောင့်/ ဘာလို့/ ဘာဖြစ်လို့ ‘why’ သည် အကြောင်းပြချက် ‘reason’ and ‘cause’ကို မေးသော အမေးပုဒ် ဖြစ်သည်။
7.11. అప్పుడు ခုနက/ အဲ့ဒီအချိန်က ‘then’, နှင့် ఇప్పుడు အခု ‘now’ တို့သည် အချိန်ပြဝိဘတ်များ ဖြစ်ကြသည်။ ఎప్పుడు ‘when’ သည် ၎င်းတို့၏သက်ဆိုင်ရာ အချိန်မေးဝိဘတ် ဖြစ်သည်။
7.12. అక్కడ အဲ့ဒီမှာ/ဟိုမှာ ‘there’, and ఇక్కడ ဒီမှာ ‘here’ တို့သည် နေရာပြဝိဘတ်များ ဖြစ်ကြသည်။ ఎక్కడ ဘယ်မှာလဲ ‘where’ သည် ၎င်းတို့၏သက်ဆိုင်ရာ နေရာမေးဝိဘတ် ဖြစ်သည်။
7.13. ဤသင်ခန်းစာတွင် అవును ဟုတ်တယ်‘yes’ နှင့် కాదు မဟုတ်ဘူး‘no’ တို့ကဲ့သို့ စကားလုံး တစ်လုံးတည်းဖြင့် ဖွဲ့စည်းထားသော အညွှန်း ဝါကျတိုများကိုလည်း မိတ်ဆက်ပေးထားသည်။
7.13.1. అదుగో (remote) ဟိုးမှာ ‘Over there!’ and ఇదుగో (proximate) ဒီနားမှာ ‘Over here!’ တို့ကို သက်မဲ့ အနည်းကိန်း နာမ်များကို ညွှန်ပြရာတွင် အသုံးပြုသည်။ ఏది ဘယ်ဟာလဲ ‘which one’ (1.3.) သည် ၎င်းတို့၏ သက်ဆိုင်ရာ သက်မဲ့ အနည်းကိန်း အမေးဝိဘတ် ဖြစ်သည်။
|
నా కలం ఏది? |
ငါ့ ဘောပင် ဘယ်ဟာလဲ။ |
Which is my pen? |
|
అదుగో! |
ဟိုးမှာ။ |
Over there! |
|
నీ గది ఏది? |
မင်းရဲ့ အခန်းက ဘယ်အခန်းလဲ။ |
Which is your room? |
|
ఇదుగో! |
ဒီမှာပဲ |
Just here! |
7.14. အောက်ပါ သရသံဆက် sandhi ဖြစ်စဉ်ကို သတိပြုပါ။
|
ఇదుగో + అండీ = ఇదుగోనండీ. |
ဒီမှာပါ။ |
‘Here it is, sir!’ |
ရိုသေစွာ ဖော်ပြပြောဆိုသော ဒွိလိင် အမှတ်အသား -అండీ (2.10.) ကို အသံရှည်ဖြင့် အဆုံးသတ်သော စကားလုံးတစ်လုံး၏ နောက်တွင် ပေါင်းထည့်ပါက သရသံ နှစ်ခု ထပ်သွားပြီး ၎င်းသရသံ နှစ်ခု ကြားတွင် -న్ (န)အသံ ထွက်ပေါ်လာမည်။ သို့ရာတွင်၊ အသံရှည် သည် ఆ ဖြစ်ပါက ၎င်းသရသံ နှစ်ခု ကြားတွင် -న్ (န)အသံထွက်ပေါ်ခြင်းသည် မိမိ၏ သဘောအတိုင်းဖြစ်သည်။
|
ఇదుగో + అండీ = ఇదుగోనండీ. |
ဒီမှာပါ။ |
‘Here it is, sir!’ |
|
అదే + అండీ = అదేనండీ. |
အဲ့ဒါပါပဲ။ |
‘That one is, sir!’ |
|
ఇండియా + అండీ = ఇండియానండీ. |
အိန္ဒိယပါ။ |
‘India, sir!’ |
7.15. ရိုသေစွာ စေခိုင်းတောင်းဆိုသော ဒွိလိင် အမှတ်အသား –అండి (2.8.1.)အား రా ကဲ့သို့ တစ်လုံးတွဲ အသံရှည်ကြိယာ၏ နောက်၌ ပေါင်းပါက ၎င်း రా အသံရှည်သည် အသံတိုအဖြစ် ပြောင်းလဲခြင်းသည် မိမိ၏ သဘောအတိုင်းဖြစ်သည်။ သင်ခန်းစာ(3.13.1.)ပါ sandhi process သရသံဆက် ဖြစ်စဉ်အရ –అండి၏ အစစာလုံး అ သည် ပျောက်ကွယ်သွားမည်။
|
రా + అండి = రాండి. / రండి. |
‘Please come.’ |
|
మీరు అందరూ ఇలా రండి. |
‘All of you come here.’ |
7.16. ఇలా -ဒီလို (ဒီလမ်းအတိုင်း/ ဒီနည်းလမ်းအတိုင်း/ ဒီအပြုအမူအတိုင်း)‘in this way/direction/manner’
అలా -အဲ့ဒီလို (အဲ့ဒီလမ်းအတိုင်း/ အဲ့ဒီနည်းလမ်းအတိုင်း/ အဲ့ဒီအပြုအမူအတိုင်း) ‘in that way/ direction/manner’
ఇలా နှင့် అలా တို့သည် အပြုအမူဆိုင်ရာ ကြိယာဝိသေသနများ ဖြစ်ကြသည်။ သို့သော် రా ‘come’ ఇవ్వు ‘give’ చూడు ‘see/look’ కూర్చో ‘sit’, etc. စသည်တို့နှင့် တွဲ၍ အသုံးပြုပါက ၎င်းတို့သည် တည်နေရာနှင့် ပုံစံတို့ကို ဖော်ပြသော ကြိယာဝိသေသနများ ဖြစ်သွားသည်။
|
ఇలా రా! |
ဒီဘက်ကို လာ။ |
‘Come here! Come in this way! Come on!’ |
|
ఇలా చూడు! |
ဒီကို ကြည့်။ |
‘Look here! Look at this point.‘ |
|
అలా కూర్చో! |
ဒီမှာ ထိုင်။ |
‘Sit there.’ |
|
అలా చూడు! |
အဲ့ဒီကို ကြည့်။ |
‘Look there! Look that side!’ |
|
ఇలా ఇవ్వు! |
ဒီကို ပေး။ |
‘Give it (here/to me)!’ |
7.17. ఇవ్వేళ ဒီနေ့ ‘today’ သည် ఇవ్వాళ မှ အရေးအသားအားဖြင့် ပြောင်းလဲ ဆင်းသက်လာခြင်း ဖြစ်ပြီး အဓိပ္ပါယ် တူညီပါသည်။