GRAMMAR NOTES
13.1. ဤသင်ခန်းစာတွင် ပြုလုပ်ခံရခြင်းနှင့် လက်ခံခြင်း နောက်ဆက်တွဲ -కు/ -కి ကို မိတ်ဆက်ပေးထားသည်။ -కి သည် ఈ သံဖြင့် ဆုံးသောဒုတိယလူ နာမ်စား నీ နှင့် మీ တို့မှလွဲ၍ အခြားသော ఇ သံသို့မဟုတ် ఈ သံဖြင့် ဆုံးသော ပိုင်ဆိုင်မှုပြပုံစံ၏နောက်၌ ဖြစ်ပေါ်သည်။ (See 8.9. and 8.9.1. for information about the oblique bases.)
|
అతని-కి |
သူ့ကို /သူ့ဆီ |
‘to him (eql.)’ |
|
వాడి-కి |
သူ့ကို /သူ့ဆီ |
‘to him (inf.)’ |
|
దాని-కి |
သူမကို /သူမဆီ/ အဲ့ဒါကို |
‘to it; to her (inf.)’ |
|
రవి-కి |
ရဝီးကို /ရဝီးဆီ |
‘to Ravi’ |
|
కుర్చీ-కి |
ထိုင်ခုံကို /ထိုင်ခုံဆီ |
‘to the chair’ |
|
కిటికీ-కి |
ပြတင်းပေါက်ကို /ပြတင်းပေါက်ဆီ |
‘to the window’ |
|
ఆయన-కు |
သူ့ကို /သူ့ဆီ |
‘to him (hon.)’ |
|
ఆమె-కు |
သူမကို /သူမဆီ |
‘to her (eql. & hon.)’ |
|
నా-కు |
ငါ့ကို /ငါ့ဆီ |
‘to me’ |
|
తలుపు-కు |
တံခါးကို /တံခါးဆီ |
‘to the door’ |
|
నీ-కు |
မင်းကို /မင်းဆီ |
‘to you (non-hon. sg.)’ |
|
మీ-కు |
ခင်ဗျားကို /ခင်ဗျားဆီ |
‘to you (hon. sg. & pl.)’ |
|
లీల-కు |
လီလကို /လီလ ဆီ |
‘to Leela’ |
13.2. နောက်ဆက်တွဲ -కు/-కి သည် တေလူဂူ သာသာစကားတွင် လုပ်ဆောင်မှု များစွာ ရှိပြီး အချို့ကို ဤသင်ခန်းစာတွင် မိတ်ဆက်ပေးထားသည်။
13.2.1. တစ်စုံတစ်ရာ ရရှိသူ သို့မဟုတ် လက်ခံရရှိသူ တစ်ဦးကို ရည်ညွှန်းသည့် နာမ်၌ -కు/-కి ကို ပေါင်းစပ်ပြထားသည်။ ဤတွင် ၎င်း၏ လုပ်ဆောင်မှုမှာ အကျိုးရလာဒ် အတွက် ဖြစ်သည်။
|
1. |
లీలకు ఈ పుస్తకం ఇవ్వు. |
လီလကို ဒီ စာအုပ် ပေးလိုက်။ |
‘Give this book to Leela’ |
|
2. |
రవికి కలం ఇవ్వండి. |
ရဝီးကို ဘောပင် ပေးလိုက်ပါ။ |
‘Give the pen to Ravi.’ |
|
3. |
హరికి అరవై మార్కులు. |
ဟရီး အမှတ် (60) ရတယ်။ |
‘Hari got sixty marks.’ |
|
4. |
రాజుకు యాభై మార్కులు. |
ရားဂျူး အမှတ် (50) ရတယ်။ |
‘Raju got fifty marks.’ |
13.2.1.1. အထက်ပါ ဝါကျ ၁၊၂ နှင့် ဝါကျ ၃၊ ၄ တို့ကြား ကွာခြားမှုကို သတိပြုပါ။ ဝါကျ ၁ နှင့် ၂ တို့တွင် 'ပေးသည်' ဟူသော ကြိယာနှင့်အတူ အကျိုးပြုသူ (ပေးသူ )လည်း ပါဝင်နေပြီး အမိန့်ပေးစေခိုင်းပြ ဝါကျများဖြစ်သည်။ ဝါကျ ၃ နှင့် ၄ တွင် အကျိုးပြုသူ (ပေးသူ) နှင့်အတူ ကြိယာလည်း မပါဝင်ခြင်းမရှိဘဲ လက်ခံရရှိကြောင်း ဖော်သည့် ဝါကျများဖြစ်သည်။
13.2.2. ပြုလုပ်ခံရခြင်းနှင့် လက်ခံခြင်း နောက်ဆက်တွဲ -కు/-కి ကို 'ပိုင်ဆိုင်မှု' ဖော်ပြချက်များ၌လည်း အသုံးပြုသည်။ ဤတွင် ၎င်း၏လုပ်ဆောင်မှုမှာ 'ပိုင်ဆိုင်မှု' ဖြစ်သည်။ တစ်စုံတစ်ရာကို ပိုင်ဆိုင်သူ ဒါမှမဟုတ် ဘယ်အရာကို ပိုင်ဆိုင်တယ်ဆိုတဲ့ နာမ်စကားစုက သတ်မှတ်ထားတဲ့အဖြစ်အပျက်ကို ဖြည့်ဆည်းပေးတယ်။ ထိုဝါကျများသည် အောက်တွင်ဖော်ပြထားသော ခြွင်းချက်အချို့ဖြင့် (တည်ရှိမှုပြ ကြိယာ ఉంది) ကို အသုံးပြုကြသည်။
|
అతనికి చదువు ఉంది. |
သူ့မှာ ပညာရေး ရှိတယ်။(ပညာတတ်တယ်) |
‘He has education.’ |
|
ఆమెకు ఇల్లు లేదు. |
သူမမှာ အိမ် မရှိဘူး။ |
‘She does not have a house.’ |
|
అతనికి ఇల్లు లేదు. |
သူ့မှာ အိမ် မရှိဘူး။ |
‘He has no house.’ |
|
సుగుణకు ఇద్దరు పిల్లలు. |
ဆုဂုဏမှာ ကလေး နှစ်ယောက် ရှိတယ်။ |
‘Suguna has two children.’ |
|
ఆయనకు పిల్లలు లేరు. |
သူ့မှာ ကလေး မရှိဘူး။ |
‘He has no children.’ |
|
అతనికి అన్నలు లేరు. |
သူ့မှာ အစ်ကိုတွေ မရှိဘူး။ |
‘He has no brothers.’ |
|
ఆమెకు ఇద్దరు తమ్ముళ్ళు. |
သူမမှာ မောင် နှစ်ယောက် ရှိတယ်။ |
‘She has two younger brothers.’ |
13.2.2.1. အောက်ပါ ဝါကျများကို သုံးသပ်ပါ။
|
మా బాబాయిగారికి కొడుకులు ఉన్నారు. |
တို့ ဘကြီးမှာ သားတွေ ရှိတယ်။ |
‘My uncle has sons.’ |
|
మా బాబాయిగారికి ఇద్దరు కొడుకులు. |
တို့ ဘကြီးမှာ သား နှစ်ယောက် ရှိတယ်။ |
‘My uncle has two sons.’ |
|
మీకు అక్కజెల్లెళ్ళు ఉన్నారా? |
ခင်ဗျားမှာ ညီအစ်မတွေ ရှိလား။ |
‘Do you have sisters? |
|
మీకు ఎంతమంది పిల్లలు? |
ခင်ဗျားမှာ သားသမီး ဘယ်နှစ်ယောက်ရှိလဲ။ |
‘How many children do you have? |
အထက်ပါဝါကျများတွင် ဆွေမျိုးသားချင်းများ၏ အရေအတွက်အား အလေးထား ဖော်ပြသည့်အခါ ပုံမှန်အားဖြင့် တည်ရှိမှုပြ ကြိယာ (ఉన్నారు)ကို အသုံးမပြုကြောင်း သတိပြုပါ။ သို့သော် ဆွေမျိုးသားချင်း 'ပိုင်ဆိုင်တော်စပ်မှု' အား အလေးထား ဖော်ပြသည့်အခါ တည်ရှိမှုပြ ကြိယာ (ရှိတယ်။ ఉన్నారు) ကို ထပ်လောင်း ဖြည့်စွက် ပြောဆိုလေ့ရှိသည်။
|
అతనికి ఇద్దరు కొడుకులు. |
သူ့မှာ သားနှစ်ယောက် ရှိတယ်။ |
‘He has two sons.’ |
|
అతనికి ఇద్దరు కొడుకులు ఉన్నారు. |
သူ့မှာ သားနှစ်ယောက် ရှိတယ်။ |
‘He has two sons.’ |
13.2.3. ပြုလုပ်ခံရခြင်းနှင့် လက်ခံခြင်း နောက်ဆက်တွဲ -కు/-కి ကို အသက်အရွယ်/ သက်တမ်းကို ဖော်ပြရာ၌လည်း အသုံးပြုသည်။
|
రవికి పది ఏళ్ళు. |
ရဝီးက ဆယ် နှစ်။ |
‘Ravi is ten years old.’ |
|
రమకు నాలుగు ఏళ్ళు. |
ရမက လေး နှစ်။ |
‘Rama is four years old.’ |
|
మా కుక్కకు రెండేళ్ళు. |
ငါ့ခွေးက နှစ် နှစ်။ |
‘Our dog is two years old.’ |
ထိုဝါကျများတွင် တည်ရှိမှုပြကြိယာ(ရှိတယ်။ఉన్నారు) ကို အသုံးမပြုပါ။ ('ပိုင်ဆိုင်မှု' ကိစ္စတွင် ဖော်ပြထားသည့်အတိုင်း အသက်အရွယ်အပေါ် အလေးထားဖော်ပြပါက တည်ရှိမှုပြကြိယာ(ရှိတယ်။ఉన్నారు) ကို ထပ်ဖြည့်စွက်ပေးမည်။ 13.2.2.1.)
13.3. (9.1.)မှ နာမ်စား+ది အသုံးပြုပုံများကို ပြန်လည် မှတ်သားပါ။
|
మీది ఏ ఊరు? |
မင်း ဘယ်မြို့(ရွာ)ကလဲ။ |
‘What is your native place/home town?.’ |
|
వాళ్ళది ఏ ఊరు? |
သူတို့ ဘယ်မြို့(ရွာ)ကလဲ။ |
‘What is his/her/their native place/home town?’ |
နာမ်+దిပုံစံများ အဖြစ်အသုံးပြုပြထားသည်။
|
రవిది ఏ ఊరు? |
ရဝီ ဘယ်မြို့(ရွာ)ကလဲ။ |
‘What is Ravi’s native place/home town?.’ |
|
సుబ్బయ్యది గుంటూరు. |
ဆုဘ္ဘယက ဂွန်တူးရ်က။ |
‘Subbyya’s native place/home town is Guntur.’ |
13.3.1. သင်ခန်းစာ 5 (5.9.) တွင် မိတ်ဆက်ပေးခဲ့သည့် 'စုပေါင်းပိုင်ဆိုင်မှု' ဟူသောအယူအဆကို మా ఇల్లు 'ငါတို့အိမ်' ကဲ့သို့ဖော်ပြချက်များအဖြစ် ပြန်အမှတ်ရပါ။ మా నాన్న 'ငါတို့အဖေ' మా ఊరు 'ငါတို့ ရွာ/မြို့' စသည်တို့မှာ 'စုပေါင်းပိုင်ဆိုင်မှု' အမျိုးအစားတွင် သက်ရောက်သည့် နာမ်တစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် အများကိန်း နာမ်စား သုံး၍ 'ငါတို့ မွေးရပ်၊ ငါတို့ အိမ် 'စသည်ဖြင့် మా ကို ထည့်သွင်း ပြောဆိုကြသည်။
13.3.2. ఊరు သည် 'ရွာ' သို့မဟုတ် မြို့' ဖြစ်သည်။ အများကိန်း ပိုင်ဆိုင်မှုပြနာမ်စားနှင့် တွဲ၍ ဖော်ပြပါက 'မွေးရပ်မြေ' သို့မဟုတ် ဇာတိမြို့' ဟုအဓိပ္ပာယ်ရသည်။
13.4. -ది -တဲ့ဟာ နှင့် -వి -တဲ့ဟာတွေ တို့ကို ပြန်သတိရပါ။ (9.1.) အောက်ပါဇယားတွင် -వాడు/-ది/-వారు/-వాళ్ళు -တဲ့သူ/-တဲ့လူတွေ တို့ကို မိတ်ဆက် ပေးထားသည်။
|
-వాడు |
-တဲ့လူ(ကျား) |
is the masculine non-honorific singular predicate marker |
|
-ది |
-တဲ့ဟာ |
is the feminine non-honorific singular predicate marker |
|
-వారు |
တဲ့ လူ(ကြီးသူ) |
the human epicene honorific singular predicate marker |
|
-వాళ్ళు |
တဲ့ လူတွေ |
the human epicene plural predicate marker |
|
ఆయన/ఆమె/ఆవిడ/వారు మంచివారు. |
သူ/သူမက လူကောင်းပါ။ |
He/She (hon.) is a good person. |
|
రవి మంచివాడు. |
ရဝီဟာ လူကောင်းပါ။ |
Ravi is a good person. |
|
లత మంచిది. |
လသက လူကောင်း တစ်ယောက်ပါ။ |
Lata is a good person. |
|
రవిగారు మంచివారు. |
မစ္စတာ ရဝီးဟာ လူကောင်းပါ။ |
Mr. Ravi is a good person. |
|
లతగారు మంచివారు. |
မစ္စစ် လသဟာ လူကောင်းပါ။ |
Ms. Lata is a good person. |
|
వాడు/ అతను/ ఆయన మంచివారు. |
သူဟာ လူကောင်းပါ။ |
He is a good person. |
|
వాళ్ళు మంచివాళ్ళు. |
သူတို့က လူကောင်းတွေ။ |
They are good persons. |
13.4.1. -వాడు နှင့် -ది တို့သည် လေးစားမှု အတိုင်းအတာများတွင် ကန့်သတ်ထားခြင်း မရှိကြောင်း သတိပြုပါ။ ပြုလုပ်သူသည် ఆయన၊ ఆమె /ఆవిడ, ఈమె ఈవిడ စသည့် ရိုသေထိုက်သူ ဖြစ်နေသည့်အခါပင် အသုံးပြုကြသည်။
|
ఆయన మంచివాడు. |
သူက လူကောင်း။ |
He(hon.)‘ is a good person. |
|
ఆమె/ఆవిడ మంచిది. |
သူမက သဘောကောင်းတယ်။ |
She (hon.) is a good person. |
-వాడు၊ -ది စသည့် ဖော်ပြချက်များသည် အသုံးများပြီး -వారు သည် တရားဝင် အခြေအနေ နှင့် အရေးအသားတို့တွင် ပို၍ အသုံးပြုသည်။
13.4.2. အောက်ပါဇယားတွင် တူညီချက်ပြပုံစံ နှင့် ပိုင်ဆိုင်မှုပြပုံစံတို့ကို ဖော်ပြထားသည်။
|
Predicate form |
Oblique base |
||
|
మంచివాడు |
လူကောင်း |
మంచివాడి |
လူကောင်းရဲ့ |
|
మంచిది |
ကောင်းတဲ့ဟာ |
మంచిదాని |
ကောင်းတဲ့ဟာရဲ့ |
|
మంచివారు |
လူကောင်း |
మంచివారి |
လူကောင်းရဲ့ |
|
మంచివి |
ကောင်းတဲ့ဟာတွေ |
మంచివాటి |
ကောင်းတဲ့ဟာတွေရဲ့ |
|
మంచివాళ్ళు |
လူကောင်းတွေ |
మంచివాళ్ళ |
လူကောင်းတွေရဲ့ |
3.4.3. အောက်ပါဖော်ပြချက်များမှာ တတိယလူအား ရိုသေလေးစားမှု အတိုင်းအတာ အမျိုးမျိုး ရှိကြောင်း ဖော်ပြသည့် အသုံးအနှုန်းများ ဖြစ်သည်။
Masculine
|
inferior singular : |
వాడు మంచివాడు. |
ငယ်/တန်းတူထား |
He is a good person. |
|
equal singular : |
అతను మంచివాడు. |
ရွယ်တူ |
He is a good person. |
|
honorific singular - informal : |
ఆయన మంచివాడు. |
ကြီး/တန်းတူထား |
He is a good person. |
|
honorific singular - formal : |
ఆయన మంచివారు. |
ကြီး/ရိုသေ |
He is a good person. |
|
honorific informal : |
రవిగారు మంచివారు. |
ကြီး/ရိုသေ |
Mr.Ravi is a good person. |
|
Neuter singular : |
అది మంచిది. |
ငယ်/တန်းတူထား |
She is a good person. |
Feminine
|
inferior singular: |
అది మంచిది. |
ငယ် |
She is a good person. |
|
equal singular: |
ఆమె మంచిది. |
ငယ် |
She is a good person. |
|
honorific singular - informal: |
ఆమె/ఆవిడ మంచిది. |
ကြီး/ရိုသေ |
She is a good person. |
|
honorific singular - formal: |
ఆమె/ఆవిడ మంచివారు. |
ကြီး/ရိုသေ |
She is a good person. |
Epicene ဒွိလိင်
|
formal or most honorific singular : |
వారు మంచివారు. |
ကြီးဆုံး/ရိုသေဆုံး |
He/She is a good person. |
|
Epicene plural : |
వాళ్ళు మంచివాళ్ళు. |
များ |
They are good persons. |
|
Neuter plural : |
అవి మంచివి. |
သက်မဲ့/များ |
Those are good things/animals. |
|
inferior & equal : |
రవి మంచివాడు. |
ငယ်/တန်းတူထား |
Lata is a good person. |
|
inferior & equal singular : |
లత మంచిది. |
ငယ်/တန်းတူထား |
Lata is a good person. |
honorific
|
informal : |
లతగారు మంచిది. |
ကြီး/တန်းတူထား |
Ms. Lata is a good person. |
|
formal : |
రవిగారు/లతగారు మంచివారు. |
ကြီး/ရိုသေ |
Mr. Ravi/ Ms. Lata is a good person. |
13.5. -డు ဖြင့်ဆုံးသော နာမ်များ၏ နောက်၌ အများကိန်း နောက်ဆက်တွဲ -లు ပေါင်းပါက -డు နှင့် -లు တို့ ပျောက်ကွယ်ပြီး–ళ్ళు ဖြစ်ပေါ်လာမည်။
|
ఏడు |
+లు |
=ఏళ్ళు |
နှစ်ကာလများ ခုနှစ် |
years |
|
తమ్ముడు |
+లు |
=తమ్ముళ్ళు |
ညီအစ်ကိုတွေ |
brothers |
သို့သော် ဆန်စကရစ်မှ မွေးစားထားသော နာမ်များသည် -డు (5.7.2.2)ကို ဖြုတ်ချခဲ့ကြောင်း သတိရပါ။
13.6. -డు ဖြင့်ဆုံးသော နာမ်များ (13.5.) ကဲ့သို့ –రుဖြင့် ဆုံးသော နာမ်များ နောက်၌ အများကိန်း နောက်ဆက်တွဲ -లు ပေါင်းပါက -రు နှင့် -లు တို့ ပျောက်ကွယ်ပြီး –ళ్ళు ဖြစ်ပေါ်လာမည်။ အနီစပ်ဆုံး ဥပမာ များမှာ ఊరు ‘village’ နှင့် కూతురు ‘daughter’တို့ ဖြစ်ကြသည်။
|
ఊరు |
+లు |
= ఊళ్ళు |
ရွာများ |
villages |
|
కూతురు |
+లు |
= కూతుళ్ళు |
သမီးများ |
daughters |
အထက်ပါ –ళ్ళు ပြောင်းလဲမှုများသည် డాక్టరు ‘doctor’, కారు ‘car’, စသည်ဖြင့် အင်္ဂလိပ်ဘာသာစကားမှ မွေးစားထားသည့် -రు ဖြင့် ဆုံးသော နာမ်များ၌ မဖြစ်ပေါ်ပါ။
|
డాక్టరు |
+లు |
=డాక్టర్లు |
ဆရာဝန်များ |
doctors |
|
కారు |
+లు |
=కార్లు |
ကားများ |
cars |
|
టీచరు |
+లు |
=టీచర్లు |
ဆရာများ |
teachers |
အများကိန်းနောက်ဆက်တွဲ -లు ပေါင်းခြင်းကြောင့် -ళ్ళు အဖြစ် မပြောင်းလဲဘဲ ర్ ဖြင့်သာ ပြောင်းလဲသော တေလူဂူ နာမ်တစ်ခုမှာ పేరు ‘name’ ဖြစ်သည်။
|
పేరు |
+లు |
=పేర్లు |
အမည်များ |
‘names’ |
*For sandhi see 5.8.1.
13.7. పిల్లలు 'ကလေးများ' သည် အများကိန်း ဖြစ်သည်။
13.8. ఆడపిల్ల 'မိန်းကလေး' ၏ အများကိန်းပုံစံမှာ ఆడపిల్లలు 'မိန်းကလေးများ' ဖြစ်ပြီး మగపిల్లవాడు 'ကောင်လေး' ‘boy’ ၏ အများကိန်းပုံစံမှာ మగపిల్లలు 'ကောင်လေးများ' ‘boys’ဖြစ်သည်။
13.9. అమ్మాయి နှင့် ఆడపిల్ల တို့အကြား လွတ်လပ်စွာ ကွဲပြားခြားနားမှုနှင့် (၇.၇) အလားတူ అబ్బాయి နှင့် మగపిల్లవాడు တို့အကြား လွတ်လပ်စွာ ကွဲပြားခြားနားမှုများကို အောက်ပါဝါကျများတွင်လေ့လာသတိပြုနိုင်သည်။
|
ఆయనకు ఇద్దురు అమ్మాయిలు/ఆడపిల్లలు. |
သူ့မှာ သမီး နှစ်ယောက် ရှိတယ်။ |
‘He has two daughters.’ |
|
ఆమెకు ఒక అబ్బాయి/ మగపిల్లవాడు. |
သူမမှာ သား တစ်ယောက် ရှိတယ်။ |
‘She has a son.’ |
သို့သော် అమ్మాయి (7.7.) နှင့် అబ్బాయి တို့အား အောက်ပါ ဖော်ပြချက်များ၌ ఆడపిల్ల နှင့် మగపిల్లవాడు တို့ဖြင့် အစားထိုး၍ မရနိုင်ပါ။
|
మీ అమ్మాయి |
ခင်ဗျားတို့ သမီး |
‘your daughter’ |
|
మా అబ్బాయి |
ငါတို့ သား |
‘my son’ |
|
ఆ అమ్మాయి |
အဲ့ဒီ မိန်းကလေး |
‘that girl’ |
|
ఈ అబ్బాయి |
ဒီ ယောက်ျားလေး |
‘this boy’ |
|
మంచి అమ్మాయి |
လူကောင်းလေး |
‘good girl’ |
|
మంచి అబ్బాయి |
မိန်းမကောင်းလေး |
‘good boy’ |
စည်းမျဉ်းမှာ ကိန်းဂဏန်းအရေအတွက် ဖော်ပြချက်များမှ လွဲ၍ అమ్మాయి နှင့် అబ్బాయి တို့၏ နေရာ၌ ఆడపిల్ల နှင့် మగపిల్లవాడు တို့အား အစားထိုး၍ မရနိုင်ခြင်းပင် ဖြစ်သည်။
|
13.10. ఊరు + లో = ఊళ్ళో |
မြို့ထဲမှာ |
‘in the village/town’. (13.6.). |
13.11. అక్క နှင့် అక్కయ్య (lesson 7) အစ်မ ‘elder sister’ တို့သည် ရွေးချယ် ပြောဆိုနိုင်ပြီး ထို့အတူ అన్న နှင့် అన్నయ్య တို့သည်လည်း ရွေးချယ် ပြောဆိုနိုင်သည်။ ကျနော်တို့ မြန်မာနိုင်ငံရှိ တေလူဂူ မိသားစုဝင်များသည် အများအားဖြင့် အစ်မကို అప్ప အပ္ပ ဟု ခေါ်ဆို သုံးစွဲကြသည်။
13.12. అక్కజెల్లెళ్ళు ‘sisters’ అన్నదమ్ములు ‘brothers’ တို့သည် ပေါင်းစပ် စကားလုံးများ ဖြစ်သည်။
|
అక్క+ చెల్లెలు |
= అక్కజెల్లెళ్ళు ၊ |
|
అన్న+తమ్ముడు |
= అన్నదమ్ములు ။ |
13.13. ဤသင်ခန်းစာတွင် ခြောက်ဆယ် မှ တစ်ရာ အထိ ကိန်းဂဏန်းများကို မိတ်ဆက်ပေးပါသည်။
|
అరవై |
ခြောက်ဆယ် |
‘sixty’ |
డెబ్భై |
ခုနစ်ဆယ် |
‘seventy’ |
|
ఎనభై |
ရှစ်ဆယ် |
‘eighty’ |
తొంభై |
ကိုးဆယ် |
‘ninety’ |
|
నూరు |
တစ်ရာ |
‘hundred’ |
|
|
|
အစောပိုင်းက ဖော်ပြခဲ့သည့်အတိုင်း နှစ်ဆယ့်တစ် မှ ကိုးဆယ့်ကိုး ထိတွင် ခုဂဏန်းများကို ဆယ်ဂဏန်းများနောက်၌ ရိုးရှင်းစွာ ထည့်သွင်းပြထားသည်။ డెబ్భైమూడు 'ခုနစ်ဆယ့်သုံး' ၊ ఎనభైఆరు 'ရှစ်ဆယ့်ခြောက်'၊ తొంభైఎనిమిది 'ကိုးဆယ့်ရှစ်' စသည်တို့ဖြစ်သည်။
13.13.1. నూటి- သည် నూరు ၏ ပိုင်ဆိုင်မှုပုံစံ ဖြစ်သည် ။
|
నూటికి నూరు. |
တစ်ရာမှာ တစ်ရာ။ |
‘cent per cent’ |
|
మీకు నూటికి అరవై మార్కులు. |
ခင်ဗျားက အမှတ် တစ်ရာမှာ ခြောက်ဆယ်။ |
‘You got 60%.’ |
13.13.2. အောက်ပါ ဖော်ပြချက်များ၏ ခြားနားချက်ကို သတိပြုပါ။
|
1. మీరు ఎంతమంది అన్నదమ్ములు? မင်းတို့ ညီအစ်ကိုတွေ ဘယ်နှစ်ယောက်လဲ။ |
‘How many brothers are you?’ |
|
2. మీకు ఎంతమంది అన్నదమ్ములు? မင်းမှာ ညီအစ်ကိုတွေ ဘယ်နှစ်ယောက် ရှိလဲ။ |
‘How many brothers do you have?’ |
ပထမ ဖော်ပြချက်တွင် နားထောင်သူသည် ညီအစ်ကိုအရေအတွက်တွင် ပါဝင်နေပြီး၊ ဒုတိယ ဖော်ပြချက်တွင် နားထောင်သူ၌ ရှိသော ညီအစ်ကို အရေအတွက်ကိုသာ မေးခြင်းဖြစ်သည်။
13.14. ခြားနားချက်ကို သတိပြုပါ။
|
నాకు నలభైఆరో ఏడు. |
ကျနော့် အသက်က လေးဆယ့်ခြောက်နှစ် ထဲမှာ။ |
‘I am in my 46th year. (I am 45 years old and the 46th year is in progress.)’ |
|
నాకు నలభైఆరు ఏళ్ళు. |
ကျနော့် အသက်က လေးဆယ့်ခြောက်နှစ် ရှိပြီ။ |
‘I am 46 years old.’ |
ဝါကျ နှစ်ကြောင်းလုံးသည် အသက်အရွယ်ကို ဖော်ပြသည်။ ပထမဝါကျသည် လောလောဆယ် ရောက်ရှိနေသော အသက်အရွယ်ကို ဖော်ပြ၍ ဒုတိယဝါကျသည် ပြည့်မြောက်ခဲ့ပြီးသော အသက်အရွယ်ကို ဖော်ပြသည်။
13.15. కాని ဒါပေမယ့် ‘but’ သည် စကားဆက် တစ်ခု ဖြစ်သည်။
|
అతనికి మంచి చదువు ఉంది; కాని ఉద్యోగం లేదు. ‘He has good education; but no job.’ |
သူက ပညာ တော်တယ်။ ဒါပေမယ့် အလုပ် မရှိဘူး။ |
13.16. အောက်ပါ သရသံဆက် ဖြစ်စဉ်ကို သတိပြုပါ။
౦ట్ ၌ အသံတို သရ ရှိ၍ နောက်၌ ల్ လိုက်ပါက ౦ట్ ရှိ သရသံတိုသည် ပျောက်ကွယ်မည်။
|
ఇంటి + లో |
= ఇంట్లో |
အိမ်မှာ |
‘in the house’ |
(8.8.). ఇంటి အိမ်၏ သည် ఇల్లు အိမ် ၏ ပိုင်ဆိုင်မှုပြ ပုံစံဖြစ်သည်။
౦౦౦౦౦౦౦౦ ౦౦౦౦౦౦