Just a moment...
Telugu Dictionary

GRAMMAR NOTES 10

GRAMMAR NOTES 10

 

10.1. ဤ သင်ခန်းစာတွင် အများကိန်းနာမ်များ၏ ပိုင်ဆိုင်မှုပြ ပုံစံများကို မိတ်ဆက်ပေးထားပါသည်။ အများကိန်း နောက်ဆက်တွဲ -లు နောက်၌ -అ ပေါင်းလိုက်ပါက ပိုင်ဆိုင်မှုပြ ပုံစံ တို့၏/ များ၏  ဖြစ်သွားပါသည်။ (2.2.1.).

పండగలు

+అ

= పండగల

ပွဲတော်များရဲ့/၏

కలాలు

+అ

= కలాల

ဘောပင်များရဲ့/၏

 

పండగల పేర్లు

ပွဲတော်များရဲ့  နာမည်

names of the festivals

కలాల ఖరీదు

ဘောပင်များရဲ့  စျေးနှုန်း

cost of the pens

 

10.2. သင်ခန်းစာ (cf. 9.1., 9.1.1. and 9.1.2.)တို့တွင် ဖော်ပြခဲ့သော နောက်ဆက်တွဲ -ది ဟာ နှင့် -వి ဟာတွေ တို့ကို နာမဝိသေသနများ၏ နောက်၌ ပေါင်းပြထားပါသည်။

మంచి-ది

ကောင်းတဲ့ ဟာ။

good one (neut.)

కొత్త-వి

အသစ် တွေ။

new ones (neut.)

ఆ కలం మంచిది.

အဲ့ဒီ ဘောပင်က ကောင်းတယ်။

That pen is good.

ఆ కలాలు కొత్తవి.

အဲ့ဒီ ဘောပင်တွေက အသစ်တွေ။

These pens are new.

 

ထို့နည်းတူစွာ, తెల్లది ဖြူတဲ့ဟာ 'the white one (neut.)', తెల్లవి ဖြူတဲ့ဟာတွေ 'the white ones (neut.)', ఆకుపచ్చది စိမ်းတဲ့ဟာ 'the green one (neut.)', စိမ်းတဲ့ဟာတွေ ఆకుపచ్చవి 'the green ones (neut.)', စသည်ဖြင့် ပြောဆိုနိုင်သည်။

 

10.3. ఆవిడ သူမ/ ထိုအမျိုးသမီး 'she/that lady' နှင့် ఈవిడ သူမ/ ဤ အမျိုးသမီး 'she/this lady' တို့သည် တတိယလူ အမျိုးသမီးများကို ရိုသေစွာ ခေါ်ဆိုသော နာမ်စားဖြစ်သည်။ ఆమె၊ ఈమె တို့နှင့် မတူညီသည့် အချက်မှာ ఆవిడ ၊ ఈవిడ တို့သည် မိမိထက် အသက်အရွယ် ကြီးသူများကိုသာ ခေါ်ဆိုသော နာမ်စားများဖြစ်သည်။

 

ఆమె మా చెల్లెలు.

သူမက ကျမရဲ့ ညီမ။

She is my youger sister.

ఆమె/ ఆవిడ మా వదిన.

သူမက ကျမရဲ့ ယောင်းမ။

She is my sister-in-law.

(အကြီးလား အငယ်လား ပြန်မေးစရာမလိုအောင် ဖော်ပြပြီးသားဖြစ်စေသည်။)

 

ఆవిడ/ఈవిడ တို့သည် ఆమె/ఈమె တို့ကဲ့သို့ ပိုင်ဆိုင်မှုပြပုံစံများ၌ ပြောင်းလဲမှုမရှိပါ။

ఆవిడ పేరు___ . / ఈవిడ పేరు___.

သူမရဲ့ နာမည်က ___ .

her name is ___ .

 

10.4. ဖော်ပြချက်ကို သတိပြုပါ။

ఫోటోలో ఆవిడ ပုံထဲက အမျိုးသမီး ‘she (who is) in the photograph’. သည် ညွှန်ပြချက် (ဖော်ပြချက်)ဖြစ်သည်။

 

ఈ ఫోటోలో ఆవిడ మా వదిన.

ဒီ ဓါတ်ပုံထဲက အဲ့ဒီ အမျိုးသမီးက ကျမ ယောင်းမ။

The one (who is) in this photo is my sister-in-law.

ఈ పెట్టెలో చీరలు ఎవరివి?

ဒီ သေတ္တာထဲက ဆာရီတွေက  ဘယ်သူ့ ဟာတွေလဲ။

Whose saris are those (which are) in this box?’

 

10.5. కదూ? မဟုတ်လား 'Isn't it?' Amn't I? etc. သည်  కదా ကဲ့သို့ မဟုတ်လား ဝါကျဖြစ်သည်။ (see 9.10.).

 

ఆమె పేరు లత కదూ?

သူမ နာမည်က လသ မဟုတ်လား။

Her name is Lata. Isn't it?

నువ్వు రవి కదూ?

နင် ရဝီ မဟုတ်လား။

You are Ravi. Aren't you?

 

10.5.1. కదా နှင့် కదూ တို့၏ ကွာခြားချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။ ပြောဆိုသူနှင့် နားထောင်သူ နှစ်ဦးစလုံး သိရှိထားသည့်ကိစ္စများကို ပြောသည့်အခါ နားထောင်သူအား သတိပေးရန် နှင့် ထောက်ခံမှုအတွက် కదా ကို အသုံးပြုသည်။ ပြောဆိုသူ၏  သတင်းအချက်အလက်သည် သေချာမှုမရှိဘဲ နားထောင်သူထံမှ အတည်ပြုချက်ကို လိုလားသောကြောင့် కదూ ကို အသုံးပြုသည်။

 

10.6. idiom అన్నమాట ကို ပြောဆိုသူက မိမိ၏ ဖော်ပြချက် သို့မဟုတ် နားထောင်သူ၏ ဖော်ပြချက်ကို အတည်ပြု ပြောဆိုသည့် အသုံးအနှုန်း ဖြစ်သည်။ అన్నమాట 'ပဲပေါ့/‌ ပေါ့/ လေ/ ပဲလေ...' ဟူသော စကားလုံးသည် ယခင်က ဖော်ပြခဲ့သော အချက်အလက်များမှ တစ်စုံတစ်ရာကို ရည်ညွှန်းခြင်းလည်းဖြစ်သည်။

 

ఇవ్వేళ విజయదశమి.

ဒီနေ့ ဝိဂျယ ဒသျှမီ။

Today is Vijayadasami.’

అయితే ఇవ్వేళ సెలవు అన్నమాట!

အဲ့ဒါဆိုရင် ဒီနေ့က ပိတ်ရက်ပေါ့။

Then (I can take it that) today is a holiday.’

 

10.7. ఇరవై သည် 'twenty' နှစ်ဆယ်ဖြစ်၍၊ ఇరవయ్యో သည် ‘20th’ နှစ်ဆယ် ကြိမ်မြောက်ဖြစ်သည်။

 

10.8. మా నాన్నగారు ఇంటిదగ్గర ఉన్నారు. ‘My father is at home.’ ဟူသော ဝါကျရှိ ఇంటిదగ్గర သည် 'at home' အိမ်မှာဟု ဆိုလိုသည်။

 

သင်ခန်းစာ 8 (8.9.2)တွင် ပေးထားသော వాళ్ల ఇళ్ళు సరోజ ఇంటిదగ్గర. 'Their houses are near Saroja's house' ဝါကျ၌ ပါဝင်သော နေရာပြပုဒ်  దగ్గర သည်  'at' မှာ နှင့် 'near' အနီးနားမှာ ဟုလည်း အဓိပ္ပါယ်ရသည်။

 

                                                                                           ******************************