Just a moment...
Telugu Dictionary

GRAMMAR NOTES 5

GRAMMAR NOTES 5 

 

5.1. ဤ သင်ခန်းစာတွင် အောက်ပါ အများကိန်းနာမ်စားများကို ၎င်းတို့၏ ပိုင်ဆိုင်မှုပြပုံစံများနှင့် အတူ မိတ်ဆက်ပေးထားပါသည်။

 

5.1.1. –మేం / మేము 'we (excl.) ကျနော်တို့' သည် ပထမလူ အများကိန်း သီးသန့် နာမ်စားဖြစ်သည်။ ၎င်း၌ နားထောင်သူ (ဒုတိယလူ) မပါဝင်ပါ။ మేం ၏ ပိုင်ဆိုင်မှုပြ ပုံစံမှာ మా 'our (excl.) ကျနော်တို့ရဲ့' ဖြစ်သည်။

రవీ! మేం ఆంధ్రులం.

ရဝီး၊ ငါတို့ဟာ အာန္ဓရားတွေ။

'Ravi! We are Andhras.'

తెలుగు మా మాతృభాష.

တေလူဂူစကားဟာ ငါတို့ စကား။

'Telugu is our mother-tongue'

အထက်ပါ ဝါကျနှစ်ခုတွင် ရဝီးသည် နားထောင်သူ(ဒုတိယလူ) ဖြစ်သည်။  మేం ဟူသော နာမ်စား ကို သုံးထားခြင်းကြောင့် ပြောဆိုသူ၏ ရည်ညွှန်းချက်၌ ရဝီးကို ဖယ်ထုတ်ထားသည်ကို သတိပြုရမည်။ သဘောမှာ ပြောဆိုသူသည် အာန္ဓရ လူမျိုးဖြစ်သော်လည်း ရဝီးသည် အာန္ဓရ လူမျိုး မဟုတ်သကဲ့သို့ တေလူဂူသည်လည်း ရဝီး၏ ဘာသာစကား မဟုတ်ပေ။

 

5.1.2. మనం / మనము 'We (incl.) ကျနော်တို့' သည် ပထမလူ အများကိန်း စုပေါင်း နာမ်စားဖြစ်သည်။ ၎င်း၌ နားထောင်သူ (ဒုတိယလူ) ပါ ပါဝင်သည်။ మనం ၏ ပိုင်ဆိုင်မှုပြ ပုံစံမှာ మన 'our (incl.) ကျနော်တို့(အားလုံး)ရဲ့' ဖြစ်သည်။

రవీ! మనం భారతీయులం.

ရဝီး၊ ငါတို့ဟာ အိန္ဒိယသားတွေ။

'Ravi! We are indians.'

ఇది మన దేశం.

ဒီနိုင်ငံက ငါတို့နိုင်ငံ။

'This is our country.'

              အထက်ပါ ဝါကျနှစ်ခုတွင် ရဝီးသည် နားထောင်သူ(ဒုတိယလူ) ဖြစ်သည်။ మనం ဟူသော နာမ်စား ကို  သုံးထားခြင်းကြောင့် ပြောဆိုသူ၏ ရည်ညွှန်းချက်၌ ရဝီးကို မဖယ်ထုတ်ထားဘဲ ပြောဆိုသူရော နားထောင်သူ ရဝီပါ  ပါဝင်ပက်သက်နေသည်ကို တွေ့ရပေမည်။

 

5.1.3. ဤသင်ခန်းစာတွင် మీరు 'You hon.sg. & pl.ခင်ဗျား(တို့)' (2.2.) ကို ဒုတိယလူ အများကိန်း နာမ်စား အဖြစ် အသုံးပြုထားသည်။ သင်ခန်းစာ(၂)တွင် ၎င်းကိုပင် ဒုတိယလူ အနည်းကိန်းနှင့် အများကိန်း ရိုသေမှုပြ နာမ်စားအဖြစ် အသုံးပြုပြခဲ့သေးသည်။  మీరు ၏ ပိုင်ဆိုင်မှုပြပုံစံ మీ ဖြစ်‌ကြောင်းကို  သင်ခန်းစာ (2.2.) တွင် သိရှိပြီးဖြစ်သည်။

 

5.1.4. 'వాళ్లు they/those people (hum. rem.)သူတို့/ဟိုလူတွေ' နှင့် 'వీళ్లు they/these people (hum. Prox) သူတို့/ဒီလူတွေ' တို့သည် ဒွိလိင် (ကျားမ မရွေး) လူပုဂ္ဂိုလ်သုံး တတိယလူ အများကိန်း နာမ်စားများဖြစ်ကြသည်။ వాళ్లు သည် အဝေးမှ လူများကို ရည်ညွှန်း၍ వీళ్లు သည် အနီးမှ လူများကို ရည်ညွှန်းသည်။

వాళ్లు వీద్యార్థులు.

သူတို့‌တွေ(ဟိုလူတွေ)က ကျောင်းသားတွေ။

'They (rem.) are students.'

వీళ్లు డాక్టర్లు.

သူတို့တွေ(ဒီလူတွေ)က ဆရာဝန်တွေ။

'They (Prox.) are doctors.'

 

5.1.4.1. వాళ్ల 'their (hum.rem.)' နှင့် వీళ్ల 'their (hum. prox.)' တို့သည် వాళ్లు နှင့်  వీళ్లు တို့၏ ပိုင်ဆိုင်မှုပြပုံစံ 'သူတို့ရဲ့ ' ဖြစ်သည်။

అవి వాళ్ల పుస్తకాలు.

အဲ့ဒါတွေ(ဝေး)က သူတို့တွေ(ဝေး)ရဲ့ စာအုပ်တွေ။

They are their (hum.rem.) books

అది వీళ్ల స్కూలు.

အဲ့ဒါ(ဝေး)က သူတို့တွေ(နီး)ရဲ့ ကျောင်း။

'That is their (hum.prox.) school.'

 

5.2. ఎంతమంది 'how many (hum.) ဘယ်နှယောက်လဲ' သည် လူပုဂ္ဂိုလ် အရေအတွက်ကို  မေးသော နာမ်စား နာမဝိသေသနဖြစ်သည်။   

వాళ్లు ఎంతమంది?

သူတို့ ဘယ်နှယောက်လဲ။

'How many are they?'

వాళ్లు ఎంతమంది డాక్టర్లు?

သူတို့ ဆရာဝန်(တွေ) ဘယ်နှယောက်လဲ။

'How many doctors are they?'

 

သက်မဲ့ ပစ္စည်း အရေအတွက်ကို  မေးသော နာမ်စား နာမဝိသေသနသည် 'ఎన్ని how many (neut.) ဘယ်နှခုလဲ' ဖြစ်သည်။ (4.4.2.)

అవి ఎన్ని కలాలు?

အဲ့ဒါတွေက ဘောပင် ဘယ်နှချောင်းလဲ။

'how many pens are they?'

వాళ్లు ఎంతమంది విద్యార్థులు?

သူတို့ ကျောင်းသားတွေ ဘယ်နှယောက်လဲ။

'How many students are they?'

 

5.3. ဤသင်ခန်းစာတွင် လူပုဂ္ဂိုလ် ရေတွက်ပုံများကို မိတ်ဆက်ပေးထားသည်။ သက်မဲ့ အရာဝတ္ထုပစ္စည်းများ ရေတွက်ပုံများကို (4.10.)တွင် မိတ်ဆက်ပေးထားသည်။

ఒకడు

တစ်ယောက်(အမျိုးသား)

'one person (masc.)'

ఒకతె

တစ်ယောက်(အမျိုးသမီး)

'one person (fem.)'

ఒకరు

တစ်‌ယောက် (ရိုသေစွာ)

'one person (epi.)'

ఇద్దరు

နှစ်ယောက် (အများ)

'two persons'

ముగ్గరు

သုံးယောက် (အများ)

'three persons'

నలుగురు

လေးယောက် (အများ)

'four persons'

ఐదుగురు

ငါးယောက် (အများ)

'five persons'

ఆరుగురు

ခြောက်ယောက် (အများ)

'six persons'

ఏడుగురు

ခုနစ်ယောက် (အများ)

'seven persons'

ఎనిమిదిమంది

ရှစ်ယောက် (အများ)

'eight persons'

తొమ్మిదిమంది

ကိုးယောက် (အများ)

'nine persons'

పదిమంది

ဆယ်ယောက် (အများ)

'ten persons'

పదకొండుమంది

ဆယ့်တစ်ယောက် (အများ)

'eleven persons'

పన్నెండుమంది

ဆယ့်နှစ်ယောက် (အများ)

'twelve persons'

పదిహేనుమంది

ဆယ့်ငါးယောက် (အများ)

'fifteen persons'

 

5.3.1. -గురు -guru ကို သုံးယောက်မှ ခုနစ်ယောက်အထိအသုံးပြုပြီး -మంది ကို ရှစ်ယောက်နှင့် အထက်တွင် အသုံးပြုကြောင်းကို မှတ်သားပါ။ ၎င်းတို့သည် လူအရေအတွက်ကို ခေါ်ဆိုသုံးနှုန်းသည့် နောက်ဆက်တွဲ အမှတ်အသားများ ဖြစ်ကြပြီး ကိန်းဂဏန်းများနှင့် ပေါင်းစပ်၍ လူအရေအတွက်ကို ခေါ်နိုင်သည်။

 

5.3.2. လူတစ်ယောက်ကိုခေါ်‌သော ပုံစံသုံးမျိုးမှာအောက်ပါအတိုင်းဖြစ်ကြသည်။

ఒకడు

တစ်ယောက်(အမျိုးသား)

'one person' is human masculine numeral.

ఒకతె

တစ်ယောက်(အမျိုးသမီး)

'one person' is human feminine numeral.

ఒకరు

တစ်‌ယောက် (ရိုသေစွာ)

'one person' is human epicene numeral. (common for masculine and feminine genders)

 

5.3.2.1. ఒకడు နှင့်  ఒకతె တို့သည်  ငယ်သူတို့၌သုံးသော အသုံးဖြစ်၍  ఒకరు ကို ကြီးသူတို့၌ သုံး‌‌ရပါမည်။

అతను ఒకడు.

သူက တစ်ယောက်။

'He is one.'

ఆమె ఒకతె.

သူမက တစ်ယောက်။

'She is one.'

ఆయన /ఆమె ఒకరు.

သူ/သူမက တစ်ယောက်။ (ကြီးသူ)

'He/She is one.'

 

5.4. အောက်ပါ စကားစုများတွင် ပေါင်းစပ်နာမ် တစ်မျိုးဖြစ်သော အရေအတွက်ပြ နာမ် စကားစုများ ကို မည်ကဲ့သို့ ပေါင်းစပ် အသုံးပြုနိုင်ကြောင်း သိနိုင်သည်။

ఒక విద్యార్థి.

‌ကျောင်းသား တစ်ယာက်။

'one male student'

ఒక విద్యార్థిని.

ကျောင်းသူ တစ်ယောက်။

'one female student'

ఒక డాక్టరు..

ဆရာဝန် တစ်ယောက်။

'one doctor (male & female)'

ఇద్దరు విద్యార్థులు.

ကျောင်းသား နှစ်ယောက်။

'two students'

ముగ్గురు విద్యార్థులు.

ကျောင်းသား သုံးယောက်။

'three students'

 

5.5. သင်ခန်းစာ (၂.၆)မှ ကြိယာမဲ့ ဝါကျများရှိ ပြုလုပ်သူ နာမ်စကားစု NP နှင့်  နမ်စကားစု NP တို့ အကြား Concord ဆက်စပ်မှုကို သတိပြုပါ။ ပြုလုပ်သူ နာမ်စကားစုသည် నేను, మేం, మనం နှင့် నువ్వు တို့ ဖြစ်သောအခါတွင်သာ Concord ဆက်စပ်မှုကို  အရေအတွက်ပြ နာမ်စကားစုတွင် ပေါင်းစပ်အသုံးပြုနိုင်သည်။ ရိုသေစွာခေါ်ဆိုသင့်သော ဒုတိယလူနာမ်စား మీరు တွင်  အသုံးမပြုသင့်ပါ။ ఇ အသံဖြင့် အဆုံးသော ပထမလူ အများကိန်း အရေအတွက်ပြ နာမ်စကားစု များနောက်၌ అం/మి NP మి တို့ဖြစ်ပေါ်သည်။  အခြား အသံများဖြင့် ဆုံးပါက అం အသံဖြစ်ပေါ်မည်။

మేం/మనం ఎంతమంది-మి.

တို့ ဘယ်နှယောက်လဲ။

'How many are we?'

మేం/మనం పదిమంది-మి

တို့ ဆယ်ယောက်။

'We are ten.'

మేం/మనం ఎవరి-మి

တို့ ဘယ်သူတွေလဲ။

'Who are we?'

(*Concord ဆက်စပ်မှုကို ပိုင်ဆိုင်မှုပြပုံစံ၌ ပေါင်းစပ်ထားသည် (3.7.) ఎవరు ၏ ပိုင်ဆိုင်မှုပြပုံစံသည် ఎవరి ဖြစ်သည် (2.12.2.)

 

మేం/మనం డాక్టర్లం. (sandhi 2.12.2.)

ငါတို့က ဆရာဝန်တွေ။

'We are doctors.'

మీరు విద్యార్థులు.

မင်းတို့က ကျောင်းသားတွေ။

'You are students.'

 

5.5.1. Concord chart.

Subject Noun phrase

predicate noun phrase

+ concord

 

నేను

విద్యార్థి

+ ని

విద్యార్థిని

మేం

విద్యార్థులు

+ అం

విద్యార్థులం

 

పదిమంది

+ మి

పదిమందిమి

మనం

విద్యార్థులు

+ అం

విద్యార్థులం

 

పదిమంది

+ మి

పదిమందిమి

నువ్వు

విద్యార్థి

+ వి

విద్యార్థివి

 

5.6. రవీ రామూ  ဆိုသည့် စကားရပ်ကို ကြည့်ပါက ထို ရဝီ နှင့် ရားမူး ဟူသော စကားလုံး နှစ်လုံးကြား၌ 'and' နှင့် /နဲ့ ဟူသော စကားဆက် မရှိကြောင်း တွေ့နိုင်သည်။ တေလူဂူ ဘာသာစကား တည်ဆောက်မှုများတွင် ပုံမှန်အားဖြင့် 'နှင့်' စကားဆက်ကို အသုံးပြုခြင်း  မရှိပါ။ ယင်းအစား စကားရပ်၌ ပါဝင်သော စကားလုံးများ၏ နောက်ဆုံးအက္ခရာများ၏ သရသံကို အသံရှည် အဖြစ် ချဲ့ထားကြောင်း တွေ့နိုင်သည်။ ထို့ကြောင့် ပါဝင်သော စကားလုံးများ၏ နောက်ဆုံးသရသံတိုများသည် စာရေးရာတွင် ရှည်လာသည်။

 

రవి, రాము

రవీ రామూ

ရဝီး နဲ့ ရားမူး

'Ravi and Ramu'

నేను, రవి

నేనూ రవీ

ငါ နဲ့ ရဝီး

'I and Ravi'

 

5.7. အများကိန်းပြု နောက်ဆက်တွဲ -లుကို နာမ်များ၌ ပေါင်းစပ်ပါက ပြောင်းလဲပုံများကို အောက်တွင် ဖော်ပြထားပါသည်။

 

      1. ఇ အသံဖြင့် အဆုံးသတ်သော နာမ်များတွင် အများကိန်းပြု နောက်ဆက်တွဲ -లు ကို ပေါင်းထည့်ပါက ၎င်း နောက်ဆုံး ఇ အသံသည် ఉ အသံသို့ ပြောင်းလဲသွားမည်။

အခန်း

గది + లు

à   గదులు

အခန်းတွေ

'rooms'

ကြောင်

పిల్లి + లు

à   పిల్లులు

ကြောင်တွေ

'cats'

 

5.7.2. డు ဖြင့် အဆုံးသတ်‌သော Sanskritမှ မွေးစားထားသည့် ပုလ္လိင် နာမ်များ၌ အများကိန်းပြု နောက်ဆက်တွဲ -లు ကို ပေါင်းထည့်ပါက ၎င်း డు သည် ပျောက်ကွယ်သွားပေမည်။

သူငယ်ချင်း

స్నేహితుడు + లు

à   స్నేహితులు

သူငယ်ချင်းတွေ

'friends'

 

5.8. အောက်ပါ sandhi processes: များကို သတိပြုပါ။

 

5.8.1. రు ကဲ့သို့ စကားလုံးတစ်ခု၏ နောက်ဆုံး သရသံ အတို ၌ (లు)၊ (ని) တို့ ပေါင်းထည့်ပါက (రు) ၌ ပေါင်းစပ်နေသော (ఉ)သရသံ  ကွယ်ပျောက်ပြီး သရဖယ်ဗျည်းသံ (ర్) သံသာ ကျန်တော့မည်။

డాక్టరు +ని

à డాక్టర్ని

ဆရာဝန် (ငါ)

డాక్టరు +లు

à డాక్టర్లు

ဆရာဝန်တွေ

 

5.8.2. డి ဖြင့် ဆုံးသော စကားလုံးများ၏ နောက်၌ (ని) ကဲ့သို့ (న్-) ဖြင့် စသော နောက်ဆက်တွဲ စကားလုံး ပေါင်းစပ်ပါက (డి) နှင့် အတူ (ని) ပါ ပျောက်ကွယ်သွား၍ ၎င်းတို့ နေရာ၌ (ణ్ణి) သို့မဟုတ် (ణ్ణ్-)အဖြစ် ပြောင်းလသွားပေမည်။

నేను ఒకణ్ణి.

ငါက တစ်ယောက်။ ఒకడిని.

ဤတွင် ని သည် ပထမလူ အနည်းကိန်း၏ concord ဆက်စပ်မှု ဖြစ်၍ ၎င်းကို ఒకడు ၏ ပိုင်ဆိုင်မှုပြပုံစံ ၌ ပေါင်းထားခြင်း (3.7.) ဖြစ်သည်။ ఒకడు ၏ ပိုင်ဆိုင်မှုပြပုံစံသည် ఒకడి ဖြစ်သည်။ (3.6.)

 

5.9. 'မင်းတို့ အဘိုး' మీ తాతగారు ဟူသော စကားလုံးတွင် 'မင်း၏' నీ အစား 'မင်းတို့၏' మీ ကို အသုံးပြုထားကြောင်းသင်ခန်းစာ (3.10.) တွင် သိရှိခဲ့ပြီး ဖြစ်သည်။  တေလူဂူဘာသာစကားတွင် တော်စပ်ပုံများကို နည်း နှစ်နည်းဖြင့် ရှုမြင်ကြသည်။ စုပေါင်းတော်စပ်မှုနှင့် သီးသန့်တော်စပ်မှုတို့ ဖြစ်သည်။ ఇల్లు 'အိမ်'၊ స్కూలు 'ကျောင်း'၊ అమ్మ အမေ၊ నాన్న အဖေ၊ తాత အဘိုး၊ စသည်တို့ကဲ့သို့သော နာမ်များနှင့် တော်စပ်မှုသည် စုပေါင်းတော်စပ်မှုဖြစ်ပြီး အခြားသူများ ကိုလည်း ဝေမျှပေးထားသည် ဟူသော သဘောမျိုးဖြစ်သည်။

          ဥပမာ အိမ်ကို ပိုင်ဆိုင်ကြောင်း ဖော်ပြရန် ငါ့အိမ်ဟု မည်သူမှ မပြောကြဘဲ ငါတို့အိမ် ဟုသာ ပြောဆိုကြသည်။ အိမ်ကို အခြားသော မိသားစုဝင်များနှင့်အတူ စုပေါင်း ပိုင်ဆိုင်သည့် သဘောလည်း ဖြစ်သည်။ ထို့အတူ အဖေကို ဖော်ပြရာ၌လည်း ငါ့အဖေဟု မည်သူမှ မပြောဘဲ ငါတို့ အဖေဟုသာ သုံးနှုန်းကြသည်။ భార్య 'ခင်ပွန်း'၊ భర్త ဇနီး၊ కొడుకు 'သား'၊ కూతురు သမီး၊ တို့နှင့် အိမ်၊ ကျောင်း၊ ကောလိပ် စသည်ဖြင့် အဖွဲ့အစည်းများသည်  စုပေါင်းပိုင်ဆိုင်မှု ဖြင့် ဖော်ပြရသောနာမ်များ ဖြစ်သည်။

 

మా ఇల్లు

ငါတို့ အိမ်

''my/our house'

మీ స్కూలు

မင်းတို့ ကျောင်း

''Your (sg. & pl.) school'

మా నాన్న

ငါတို့ အဖေ

''my/our father'

వాళ్ల అమ్మ

သူတို့ အမေ

''his/her/their mother'

 

တရားဝင် ပိုင်ဆိုင်မှုများနှင့် တစ်ကိုယ်ရေ စိတ်ခံစားမှုများကို ဖော်ပြရာ၌ သီးသန့်တော်စပ်မှု ကို အသုံးပြုနိုင်သည်။

 

నా ఇల్లు

ငါ့ အိမ်

''my house' (legal right)

నా దేశం

ငါ့ တိုင်းပြည်

My country' (emotional attachment)

 

5.10. ఎవరు 'who' ဘယ်သူလဲ (1.3.,1.3.1) သည် အနည်းကိန်းနှင့် အများကိန်း နှစ်မျိုးလုံးအတွက် အသုံးပြုသော အမေးပုဒ်ဖြစ်သည်။

ఆయన ఎవరు?

သူ ဘယ်သူလဲ။

''Who is he?'

వాళ్లు ఎవరు?

သူတို့က ဘယ်သူတွေလဲ။

''Who are they?'


                                                                                       *********************************