Just a moment...
Telugu Dictionary

GRAMMAR NOTES 2

2.1.     ဤသင်ခန်းစာတွင် ကြိယာမဲ့ဝါကျ၏ ပြုလုပ်သူ နာမ်စကားစု ကို (အမည်ခံ  နာမဝိသေသန+ နာမ်) [pronominal adjective + Noun] အဖြစ် ချဲ့ပြထားသည်။

 

 

[Pronominal adj.

+

Noun]

+

NP

నా

 

పేరు

 

రామనరసింహం

ကျနော့ နာမည် ရာမနရဆင်းဟမ်းပါ။             ‘My name is Ramanarasimham.’

 

2.2.  အမည်ခံ  နာမဝိသေသန သို့မဟုတ် ပိုင်ဆိုင်သူနာမ်စား possessive ကို oblique ဟုလည်းခေါ်သည်။ အခြေခံ နာမ်စားများကို ဤသင်ခန်းစာတွင် မိတ်ဆက်ပေးထားသည်။

 

PRONOUNS သည်/က

(Nominative base)

PRONOMINAL ADJECTIVES  ၏/ရဲ့

(oblique base or possessive form)

నేను

I

ကျ‌နော်/ကျမ/ငါ

నా

my

నువ్వు

you (non-hon.sg.)

နင်/မင်း(ငယ်သူ)

నీ

your(non-hon. sg.)

మీరు

you (hon.sg &  pl.)

သင်/ခင်ဗျား(ကြီးသူ)

మీ

your (hon.sg &  pl.)

ఆయన

he(rem.hon.)

သူ(ကျား/ကြီးသူ/ ဝေး)

ఆయన

his(rem.hon.)

ఈయన

he(prox.hon.)

သူ(ကျား/ကြီးသူ/ နီး)

ఈయన

his(prox.hon.)

అతను

he  (rem.hon.)

သူ(ကျား/ရွယ်တူ/ ဝေး)

అతని

his(rem.hon.)

ఇతను

he (prox.hon.)

သူ(ကျား/ရွယ်တူ/ နီး)

ఇతని

he  (rem.hon.)

ఆమె

she  (rem.hon.)

သူမ(ဝေး)

ఆమె

her(rem.hon.)

ఈమె

she (prox.hon.)

သူမ(နီး)

ఈమె

her(prox.hon.)

ఎవరు

who

ဘယ်သူလဲ

ఎవరి

Whose

 

 

2.2.1.   Telugu ဘာသာစကားတွင် ပိုင်ဆိုင်သူပုံစံ oblique base ကို ပိုင်ဆိုင်သူ နာမ်စား (သို့မဟုတ် genitive) ပုံစံအဖြစ် အသုံးပြုသည်။ ပိုင်ဆိုင်ခြင်းခံရသော နာမ် နှင့် ပိုင်ဆိုင်သူ တို့၏ ဆက်နွယ်မှုကို ဖော်ပြသည်။ ၎င်းသည် Telugu oblique base ၏ လုပ်ဆောင်ချက်များထဲမှ တစ်ခုဖြစ်သည်။

 

2.3. ဤသင်ခန်းစာတွင် ကြိယာမဲ့ဝါကျတစ်ခု၏ NP ကို နာမ်နာမဝိသေသန nominal adjective + နာမ် အဖြစ် ချဲ့ထွင်ပြထားသည်။

 

NP

+

[Nominal adjective

+

Noun]

 

 

అతను

 

తమిళ

 

విద్యార్థి.

‘He is a Tamil student’

သူက တမီလ် ကျောင်းသား။

 

2.4. ဤသင်ခန်းစာတွင် အောက်ပါ နာမ်စားများကို မိတ်ဆက်ပေးထားပါသည်။

 

2.4.1.

నేను ‘I’ :

ကျ‌နော်/ကျမ/ငါ ကျုပ်/ ကျွန်ုပ် (ပထမလူ အနည်းကိန်း နာမ်စား)။

2.4.2.  

నువ్వు ‘you’ :      

ဂုဏ်မ‌ပေးထားသော၊ စကားပြောသူထက် ငယ်ရွယ်သော သို့မဟုတ် ရင်းနှီးသော ဆက်ဆံရေး ရှိသူများကို ရည်ညွှန်းသည့် ဒုတိယလူ အနည်းကိန်းနာမ်စား။

2.4.3.

మీరు ‘you’ :

ဂုဏ်သရေရှိသော၊ ရိုသေထိုက်သော ဒုတိယလူ အနည်းကိန်းနှင့် အများကိန်းနာမ်စား။

2.4.4.

అతను  ‘he’ :

အဝေးရှိ တတိယလူ တန်းတူထား ပုလ္လိင် အနည်းကိန်း နာမ်စား။

ဤနေရာတွင် တန်းတူဟူသော အသုံးအနှုန်းသည် ဂုဏ်မပေးထားသော၊ နူးညံ့သိမ်မွေ့ခြင်း မရှိသော အဓိပ္ပါယ်ကို ကိုယ်စားပြုသည်။ အဆင့်အတန်း တန်းတူ ဖြစ်သော လူများအား ရည်ညွှန်းရာ၌ သုံးသည်။ ရိုသေခြင်း၊ အရိုအသေပေးခြင်း တို့ကို ဆောင် ရွက်ခြင်း မပြုပါ။

2.4.5.

ఇతను ‘he’ :

အနီးရှိ တတိယလူ တန်းတူထား ပုလ္လိင် အနည်းကိန်း နာမ်စား။

၄င်းကို అతను atanu ကဲ့သို့သော တန်းတူ ညီမျှသော အဆင့်အတန်းရှိသူများကို ရည်ညွှန်းရန် သုံးသည်။

2.4.6.

అతను သည် အဝေးမှလူကို ရည်ညွှန်းပြီး ఇతను သည် အနီးစပ်ဆုံးလူကို ရည်ညွှန်းသည်။ တတိယလူ နာမ်စားများတွင် အလားတူ ခြားနားချက်များ ရှိသည်ကို သတိပြုပါ။ (၁.၂ ကိုကြည့်ပါ)။

 

2.5. သင်ခန်းစာ (1.2) တွင် မိတ်ဆက်ခဲ့ပြီးဖြစ်သည့် ဂုဏ်သရေရှိသော၊ ရိုသေထိုက်သော တတိယလူ ပုလ္လိင် အနည်းကိန်း နာမ်စား ఆయన /  ఈయన တို့နှင့် တတိယလူ တန်းတူထား ပုလ္လိင် အနည်းကိန်း နာမ်စား (అతను / ఇతను) တို့ နှစ်မျိုးလုံးအတွက် အမျိုးသမီးတွဲဖက်သည် ఆమె/ఈమె တို့သာဖြစ်သည်။ ၄င်းတို့သည်  ဂုဏ်သရေရှိသော၊ ရိုသေထိုက်သော နှင့် တန်းတူထား ဣတ္ထိလိင် အနည်းကိန်း နာမ်စားများ ဖြစ်သည်။

 

ఆయన రవిగారు.

သူက (ကို)ရဝီပါ။

‘He is Mr. Ravi.’

అతను గిరి.

 သူက ဂီရီပါ။

‘He is Giri’

ఆమె లతగారు.

သူမက ဒေါ်လသပါ။

‘She is Ms. Lata.’

ఆమె విజయ.

သူမက ဝိဂျယပါ။

‘She is Vijaya.’

 

2.6. ပြုလုပ်သူသည် నేను သို့မဟုတ် నువ్వు ဖြစ်ပါက ပြုလုပ်သူ နာမ်စကားစု NP နှင့် ဖော်ပြချက် နာမ်စကားစု NP အကြား Concord ဆက်စပ်မှု -ని -వి တို့ကို သတိပြုပါ။

 

నేను రవి-ని.

ကျနော် ရဝီပါ။

‘I am Ravi.’

నువ్వు గిరి-వి.

မင်းက ဂီရိ။

‘You are Giri.’

నేను లత-ని.

ကျမ လသပါ။

‘I am Lata.’

నువ్వు లీల-వి.

နင်က လီလာ။

‘You are Leela.’

 

 

 

 

 

 

 

 

2.7. လူသုံးဦးစလုံးတွင် အမေးပုဒ် ఎవరు (ဘယ်သူလဲ) ကို မည်သို့ အသုံးပြုရမည်ကို သတိပြုနိုင်သည်။

ပထမလူ

నేను  ఎవరిని? 

ငါဘယ်သူလဲ။

‘Who am I?’

ဒုတိယလူ

నువ్వు ఎవరివి? 

မင်း ဘယ်သူလဲ။

‘Who are you?' (မရိုသေ -နည်း)

మీరు ఎవరు? 

ခင်ဗျား ဘယ်သူလဲ။

‘Who are you?' (ရိုသေ -နည်း/များ)

တတိယလူ

ఆయన ఎవరు?

သူ ဘယ်သူလဲ။

‘Who is he?' (ရိုသေ -နည်း)

ఇతను  ఎవరు?

သူ ဘယ်သူလဲ။

‘Who is he?’ (တန်းတူ -နည်း)

ఆమె ఎవరు?

သူမ ဘယ်သူလဲ။

‘Who is she?’ (ရိုသေ/တန်းတူ)

 

 

2.8. 'Tell and say' చెప్పు ကြိယာ၏ စေခိုင်းတောင်းဆိုချက်ပြ ပုံစံများ ကို ဤသင်ခန်းစာတွင် မိတ်ဆက် ပေးထားသည်။

 

Non-hon. sg. :

నీ పేరు చెప్పు.

မင်းနာမည် ပြော။

‘Tell your name.’

Hon. sg.& pl. :

మీ పేరు చెప్పండి.

ခင်ဗျား နာမည် ပြောပါ။

‘Please tell your name.’

 

2.8.1. అండి သည် တစ်စုံတစ်ဦးကို ရိုသေစွာ တောင်းဆိုခြင်းနှင့် လူအများကို စေခိုင်းခြင်း အမှတ်အသား ဖြစ်သည်။ ကြိယာ အခြေသို့ ပေါင်းထည့်ပြောဆိုရသည်။

 

చెప్పు

+ అండి.

= చెప్పండి.

ပြောပါ။ ပြောကြပါ။

‘Please tell.’

 

2.9.     ఏమండీ၊ 'ဗျို့/ရှင့်!' နှင့် ఏమయ్యా 'ဟေး/ဟေ့/ဝေး!' တို့သည် နားထောင်သူ၏ အာရုံကို ဆွဲဆောင်ရန် (လှမ်းခေါ်သည့်) အသုံးအနှုန်းများဖြစ်သည်။

 

2.9.1. ఏమండీ သည် ပုလ္လိင်နှင့် ဣတ္ထိလိင် နှစ်မျိုးလုံးတွင် သုံးသော ယဉ်ကျေးသည့် အသုံးအနှုန်း ဖြစ်သည်။

 

ఏమండీ, రామరావుగారు!

ဗျို့ ကို ရာမရောင်း။

‘Hello, Mr. Ramarao!’

ఏమండీ, సీతగారు!

အစ်မ၊ မ စီသား။

‘Hello, Ms. Sita!’

 

2.9.2. ఏమయ్యా သည် ပုလ္လိင်တွင်သာ အသုံးပြုသော မယဉ်ကျေးသော အသုံးအနှုန်းဖြစ်သည်။ မြန်မာလို ဟေး/ဟျောင့် ဟု ခေါ်သကဲ့သို့ပင် မိမိအောက်ငယ်သူ ယောကျာ်းလေး များကို ခေါ်နိုင်သည်။

 

ఏమయ్యా రవీ!

ဟေ့ ရဝီး။

‘Hey Ravi!’

 

2.10. అండీ (အမျိုးသား/ အမျိုးသမီး) သည် အကြောင်းအရာ တစ်ခုကို ယဉ်ကျေးစွာ ပြောဆိုသော အမှတ်အသား ဖြစ်သည်။ ပြောဆိုသူသည် နားထောင်သူကို လေးစားစွာ ပြောဆိုလိုသောအခါ ဝါကျ၏ နောက်ဆုံးတွင် అండీ ကို ပေါင်းထည့်၍ ပြောနိုင်သည်။

 

2

-గారు ကို မိမိထက်ကြီးသူ၊ ရိုသေထိုက်သူ၏ အမည်နောက်တွင် ပေါင်းထည့်၍ ခေါ်ဆိုခြင်းသည်  ရိုသေ လေးစားစွာ ခေါ်ဆိုခြင်း ဖြစ်သည်။

-అండీ ကို ဝါကျတစ်ခုလုံး နောက်ဆုံးတွင် ထည့်သွင်း ပြောဆိုခြင်းသည် မိမိထက် အသက် ဂုဏ်ဝါ ကြီးသူများကို လည်းကောင်း လူအများကို ပြောဆိုရာတွင်လည်းကောင်း ယဉ်ကျေးစွာ ပြောဆိုခြင်း ဖြစ်သည်။ (မြန်မာလို ပါခင်ဗျာ့။ ပါရှင့်။ တို့နှင့် ဆင်တူသည်။)

 

1. రవి ఎవరండీ?

ရဝီ ဘယ်သူလဲ ခင်ဗျာ့။/ရှင့်။

‘Who is Ravi, Sir?’

2. రవిగారు ఎవరు?

(ကို/ဦး) ရဝီ ဘယ်သူလဲ ။

‘Who is Mr. Ravi?’

3. రవిగారు ఎవరండీ?

(ကို/ဦး) ရဝီ ဘယ်သူပါလဲ ခင်ဗျာ့။/ရှင့်။

‘Who is Mr. Ravi, sir?’

အထက်ပါဝါကျသုံးကြောင်းတွင်

ဝါကျ (၁) - နား‌ထောင်သူသည် လူအများ ဖြစ်နေခြင်း သို့မဟုတ် နားထောင်သူကို ရိုသေစွာပြောဆို/မေးမြန်းခြင်း၊

ဝါကျ (၂) - ရဝီ ဟူသော ပုဂ္ဂိုလ်အား ရိုသေမှုရှိခြင်း၊

ဝါကျ (၃) - နားထောင်သူ နှင့် ရဝီတို့ နှစ်ဦးလုံးအား ရိုသေစွာ ပြောဆိုမေးမြန်းခြင်း ဖြစ်ကြောင်း သိရှိနိုင်ပါသည်။

 

2.11. '౦' (sunna) ဖြင့်အဆုံးသတ်သော စကားလုံး သို့မဟုတ် ဝါကျ၏ နောက်ဆုံးတွင်  అండీ ကို ပေါင်းဆက်ပြောဆိုသောအခါ '౦' သည် మ్ သံ ဖြစ်သည်ကို သတိပြုရပေမည်။   ထို့ကြောင့်-

 

నమస్కారం

+ అండీ

= నమస్కారమండీ!

မင်္ဂလာပါ ခင်ဗျာ/ရှင်။

‘Namaskaram, sir!’

ఇది కలం

+ అండీ

= ఇది కలమండీ!

ဒါ ဘောပင်ပါ ခင်ဗျာ/ရှင်။

‘This is a pen, sir!’

 

 

 

+ vowel =

మ్  + vowel

 

တစ်နည်းဆိုရသော် ౦ + သရတွဲကို మ్ + သရ (မ် + သရ) တွဲအဖြစ် ပြောဆိုရမည်။

 

2.12.  အောက်ပါ sandhi လုပ်ငန်းစဉ် သရသံဆက်သွားသော ပုံစံများကို သတိပြုနိုင်သည်။

 

 

2.12.1.

రు

+ ని

=

ర్ని

 

డాక్టరు

+ ని

=

డాక్టర్ని

 

2.12.2. နောက်ဆုံးသရသံတိုသော စကားလုံး သို့မဟုတ် ကြိယာအခြေတို့၏  နောက်၌ သရသံဖြင့် အစပြုသော နောက်ဆက်တွဲ သို့မဟုတ် အမှတ်အသားတို့ လိုက်ပါက (သရသံ နှစ်ခု ဖြစ်သွားသဖြင့်) ထို အသံတိုသော သရသည် ပျောက်ကွယ်သွားမည်။

 

ပြော

చెప్పు

+ అండి.

= చెప్పండి.

ပြောပါ ခင်ဗျာ့/ရှင့်။

‘Please tell’

ဘာလဲ

ఏమిటి

+ అండీ.

= ఏమిటండీ?

ဘာလဲ ခင်ဗျာ့/ရှင့်။

‘What, sir?’

ဘယ်သူလဲ

ఎవరు

+ అండీ.

= ఎవరండీ?

ဘယ်သူလဲ ခင်ဗျာ့/ရှင့်။

‘Who, sir?’

သူ

ఆయన

+ అండీ.

= ఆయనండీ.

သူပါ ခင်ဗျာ့/ရှင့်။

‘It is he, sir!’

 

2.12.3. အသံတို သရ ဖြင့် အဆုံးသတ်သော စကားလုံး၏ နောက်တွင် သရသံဖြင့် စသော စကားလုံး လိုက်ပါက သရသံ နှစ်ခု ထပ်သွားသဖြင့် ပထမ သရသံသည် ပျောက်ကွယ်သွား၍ ဒုတိယ သရသံသာ ထွက်လာပါမည်။

ဤဖြစ်စဉ်သည် စကားပြောဆိုရာတွင် ပုံမှန်ဖြစ်ပြီး စာရေးသားရာတွင်  ရွေးချယ် ရေးသားနိုင်သည်။

 

In Speech အပြော

In Writing အရေး

నేను

+ ఎవరిని

= నేనెవరిని?

నేను ఎవరిని?  / నేనెవరిని?

ఆయన

+ ఎవరు

= ఆయనెవరు?

ఆయన ఎవరు? / ఆయనెవరు?

ఇది

+ ఏమిటి

= ఇదేమిటి?

ఇది ఏమిటి?  / ఇదేమిటి?

 

2.13.  တစ်စုံတစ်ဦး၏ အမည်ကို လှမ်းခေါ်ရာတွင် နောက်ဆုံးစာလုံး၏ သရသံသည် အသံရှည် ဖြစ်သွားသည်။

రవీ!

ravee!

సుగుణా!

sugunaa!

రామూ!

raamoo!

రవిగారూ!

Ravigaaroo!