Just a moment...
Telugu Dictionary

GRAMMAR NOTES 3

3.1. ယခင် သင်ခန်းစာများတွင် ယခုအချိန်ထိ အသုံးပြုခဲ့သော ဝါကျပုံစံများ၏ နာမ်စကားစုများသည် နာမ်များ သို့မဟုတ် နာမ်စားများ၊ နာမ်စားနာမဝိသေသနများ+နာမ် သို့မဟုတ် နာမ်နာမဝိသေသနများ ဖြစ်ကြသည်ဟု ကောက်ချက်ချနိုင်သည်။

 

Noun နာမ်

బల్ల

စားပွဲ/ခုံတန်း

Pronoun နာမ်စား

అది

အဲ့ဒါ

NOUN PHRASE

နာမ်စကားစု

 

Pronominal adjective + Noun     నా గది   ငါ့ အခန်း

Nominal adjective + Noun   లత గది        လသ အခန်း

 

           

 

နာမ်စကားစု၏ ထပ်မံ တို့ချဲ့ နိုင်သော ပုံစံ တစ်မျိုးမှာ-

 

 జవహర్ లాల్ తండ్రి పేరు మోతీలాల్.

ဂျဝဟရ်လားလ်၏ ဖခင် အမည်က မိုသီလားလ်။ 

ఆమె భర్త పేరు ఫిరోజ్ గాంధీ.

သူမ၏ ခင်ပွန်း အမည် က ဖီရိုးဇ် ဂန္ဓီ။

 

 

 

 

ပေါင်းစပ်ပုံမှာ -

 

Nominal adjective

Or

Pronominal adjective

 

 

  +

Nominal

adjective

+  Noun

NOUN PHRASE

နာမ်နာမဝိသေသန/နာမ်စားနာမဝိသေသန

နာမ်နာမဝိသေသန

နာမ်

နာမ်စကားစု

 

జవహర్ లాల్

తండ్రి

పేరు

‘Jawaharlal’s father’s name’

ဂျဝဟရ်လားလ်၏ ဖခင် အမည်

 

ఆమె

భర్త

పేరు

‘her husband’s name’

သူမ၏ ခင်ပွန်း အမည်

 

 

3.2. ဤသင်ခန်းစာတွင် တတိယလူ వారు (အဝေး) ၊ వీరు (အနီး) တို့နှင့်အတူ ၎င်းတို့၏ ပိုင်ဆိုင်မှုပြ ပုံစံများ ဖြစ်ကြသည့် (వారి နှင့် వీరి) တို့ကို အသီးသီး မိတ်ဆက်ပေးထားသည်။ ဤနာမ်စားများသည် မိမိထက် ကြီးသူ (ကျား၊မ မရွေး) နှစ်မျိုးလုံးအား ယဉ်ကျေးစွာ ခေါ်ဆိုခြင်း ဖြစ်သည့် အပြင် ဟောပြောရေးသားခြင်းတို့၌ပါ အသုံးပြုသော နာမ်စားဖြစ်သည်။

 

3.3. လေးနက်စွာ ပြောဆိုခြင်း အမှတ်အသား -ఏ ပဲ ကိုလည်း ဤ သင်ခန်းစာတွင် မိတ်ဆက်ထားသည်။

 

         ఇది + ఏ  =   ఇదే

= ‘only this’   ဒါပဲ/ဒီဟာပဲ။

(for sandhi see 2.12.3.)

 

3.4. ဤသင်ခန်းစာတွင် လားမေးခွန်းများကိုလည်း မိတ်ဆက်ပေးထားပါသည်။ အမေးပုဒ် -ఆ -လား ကို သက်ဆိုင်ရာ ဝါကျ၏ နောက်ဆုံး၌ ပေါင်းထည့် ပေးလိုက်ခြင်းဖြင့်  လားမေးခွန်းတစ်ခု ဖြစ်ပေါ်စေသည်။

ఆయన డాక్టరు.

သူက ဆရာဝန်။

‘He is a doctor.’

ఆయన డాక్టరా ?

သူက ဆရာဝန်လား။

‘Is he a doctor?’

ఆమె కమల.

သူမက ကမလ။

‘She is kamala’

ఆమె కమలా?

သူမက ကမလလား။

‘Is she kamala?’

అది కలం.

အဲ့ဒါ ဘောပင်။

‘That is a pen.’

అది కలమా?

အဲ့ဒါ ဘောပင်လား။

‘Is that a pen?’

 

 

သရသံဆက် နည်းလမ်း sandhi ပုံစံ -

 (డాక్టరు+ఆ)

డాక్టరా

ဆရာဝန်လား။

(కమల +ఆ)

కమలా

ကမလလား။

 

အထက်ပါ လားမေးခွန်းများကို  ‘Yes (అవును)ဟုတ်တယ်’ သို့မဟုတ် ‘No (కాదు) မဟုတ်ဘူး’ ဟူ၍ ပြန်လည် ဖြေကြားနိုင်ပါသည်။

ఈయన డాక్టరా?

သူ ဆရာဝန်လား။

‘Is he a doctor?’

అవును

ဟုတ်တယ်။

‘Yes’

ఈమె కమలా?

သူမ ကမလလား။

‘Is she Kamala?’

కాదు

မဟုတ်ဘူး။

‘No’

 

          သင်ခန်းစာ (၁) နှင့် (၂) တို့တွင် ఏమిటి ဘာလဲ၊ ఏది ဘယ်ဟာလဲ နှင့် ఎవరు ဘယ်သူလဲ တို့ကဲ့သို့သော အမေးပုဒ်များကို သင်ယူခဲ့ပြီးဖြစ်သည်။ ‌တေလူဂူ ဘာသာစကားတွင်  ထိုအမေးပုဒ်များသည် (ఎవరు၊ ఎవరు ఏది စသည်ဖြင့်) ఎ၊ ఏ တို့ဖြင့် အစပြုလေ့ရှိသည်။

          အဖြေ၏ သတင်းအချက်အလက် မပါဝင်သည့် အမေးပုဒ် (လဲမေးခွန်း)ကို ဟုတ်တယ်၊ မဟုတ်ဘူး၊ ဟုသာ ဖြေကြား၍ မရနိုင်ဘဲ  အဖြေသည် မည်သည့်ပြောင်းလဲမှုမဆို ပါဝင်လာနိုင်သည်။

అది ఏమిటి?

အဲ့ဒါ ဘာလဲ။

‘What is that?’

 అది కుక్క.

အဲ့ဒါ ခွေး။

‘That is a dog.’

అతను ఎవరు?

သူ ဘယ်သူလဲ။

‘Who is he?’

 అతను రవి.

သူ ရဝီ။

‘He is Ravi.’

 

3.5.      అది, ఇది နှင့် ఏది တို့၏ ပိုင်ဆိုင်မှုပြ ပုံစံသည် దాని, దీని နှင့် దేని တို့ အသီးသီးဖြစ်ကြသည်။

 

3.6.        -లు ဖြင့် အဆုံးသတ်သော နာမ်များ, -గారు နှင့်  -డు ဖြင့် ဆုံးသော ပုလ္လိင် နာမ်များ၏ နောက်၌ ఇ ပေါင်းစပ်၍ ၎င်းတို့ အသီးသီး၏ ပိုင်ဆိုင်မှုပုံစံ(possessive forms)အဖြစ် အသုံးပြုနိုင်ပြီး  ရဲ့၊ ၏ ’s, of  တို့နှင့် ညီမျှသည်။

 

3.6.1. In expressions like

రాఘవరావు నాన్నగారు

ရာဂဝရောင်း၏ အဖေ

‘Raghavarao’s father’

జవహర్ లాల్  నెహ్రూ భార్య

ဂျဝဟရ်လားလ် နေဟ်ရူး၏ ဇနီး

‘Jawaharlal Nehru’s wife’

మోతీలాల్  మనవరాలు

မိုသီလားလ်၏ မြေး မိန်းကလေး

‘Motilal’s granddaughter’

ఇందిరాగాంధీ కొడుకు

အင်ဒီရာ ဂါန္ဓီ၏ သား

‘Indira Gandhi’s son’

రవి తండ్రి

ရဝီတို့ အဖေ

‘Ravi’s father’

సరళ కూతురు

ဆရလရဲ့  သမီး

‘Sarala’s daughter’

 

రాఘవరావు, మోతీలాల్, రవి, సరళ စသည်ဖြင့် အမည်များ၏ ပိုင်ဆိုင်မှုပုံစံသည် ပြောင်းလဲခြင်းမရှိကြောင်း သတိပြုနိုင်သည်။ -డు ဖြင့် အဆုံးမသတ်သော တေလူဂူ တစ်ဦးဆိုင်နာမ်များ အားလုံး၏ ပိုင်ဆိုင်မှု ပုံစံများကို  မည်သည့် ပြောင်းလဲမှုမှ မရှိဘဲ ပြောဆို ရေးသားနိုင်ပါသည်။

సుబ్రహ్మణ్యం ఇల్లు

ဆုဘရမဏျမ်းတို့ အိမ်

‘Subrahmanyam’s house’

మోహన్ కుర్చీ

မိုဟန်းရဲ့ ထိုင်ခုံ

‘Mohan’s chair’

రామనరసింహం పుస్తకం

ရာမနရဆင်ဟမ်းရဲ့ စာအုပ်

‘Ramanarasimham’s book’

 

3.7. သင်ခန်းစာ 2.6. မှ Concord ဆက်စပ်မှု -ని နှင့် -వి တို့ကို  ပိုင်ဆိုင်မှုပုံစံ၌ ပေါင်းစပ် အသုံးပြုထားသည်။

నేను ఎవరిని?

ငါ ဘယ်သူလဲ။

‘Who am I?’

నువ్వు నా స్నేహితుడివి.

မင်းက ငါ့ သူငယ်ချင်းပါ။

‘You are my friend.’

నేను రామయ్యగారి మనవరాలిని.

သမီးက ဦးရာမယျရဲ့ မြေးပါ။

‘I am Mr. Ramayya's granddaughter.

 

3.8.    అలాగా!  ဟုတ်လား၊ အဲ့လိုလား၊ ‘I see!’ သည် အာမေဍိတ်ဖြစ်သည်။

 

3.9. ဤသင်ခန်းစာတွင် ဆွေမျိုးသားချင်းအခေါ်အဝေါ်အချို့ကို မိတ်ဆက်ပေးထားသည်။ నాన్న နှင့် అమ్మ တို့သည် తండ్రి ၊ తల్లి တို့နှင့်အသီးသီး နှင့် ညီမျှသည်။ నాన్న နှင့် అమ్మ ကို များသောအားဖြင့် နေ့စဉ်ဘဝတွင် အသုံးများပြီး తండ్రి နှင့် తల్లి ကို ရိုကျိုးစွာခေါ်ဝေါ်ခြင်း နှင့် အရေးအသားများတွင် အသုံးပြုကြသည်။

 

3.10.      Recall the sentence

                 మీ  తాతగారి  పేరేమిటి బాబూ?  မင်းတို့ အဖိုးရဲ့  နာမည် ဘာလဲ သား။ ‘What is your grandfather’s name, dear?’. ဟူသော ဝါကျကို သတိပြုပါ။ ဤဝါကျတွင် మీ သည် ရိုသေစွာ ခေါ်ဆိုခြင်း မဟုတ်ပါ။ ဤတွင် အထက်ပါ စကားကို နားထောင်နေသော ဒုတိယလူသည် ပြောဆိုနေသော ပထမလူ အောက် ငယ်ရွယ်၍ အနည်းကိန်း ဖြစ်နေသော်လည်း నీ  తాతగారి မင်း အဘိုးဟု မခေါ်ဘဲ၊ మీ  తాతగారి မင်းတို့ အဘိုး ဟု ခေါ်ဆိုခြင်းသဘော ဖြစ်သည်။ မြန်မာစကားနှင့် တူညီမှု ရှိပါသည်။  తాత 'အဘိုး'၊ నాన్న 'ဖခင်'၊ అమ్మ 'မိခင်' စသည်တို့ကဲ့သို့ ဆွေမျိုးသားချင်း အသုံးအနှုန်းများကို నా ငါ့၊  నీ နင့်  စသည့် ပိုင်ဆိုင်မှုပြ နာမ်စားများနှင့်  တွဲသုံးခြင်း မရှိဘဲ၊ 'మా ငါတို့'၊  'మీ နင်တို့' နှင့်သာ တွဲဖက် အသုံးပြုလေ့ ရှိသည်။ (ဤကိစ္စနှင့် စပ်လျဉ်း၍ အသေးစိတ် အချက်အလက်များကို သင်ခန်းစာ (၅.၉) တွင် သိရှိနိုင်ပါသည်။)

 

3.11.   ఏం သည် အမေးပုဒ်ဖြစ်သည်။ ఏం పుస్తకం? ဘာ စာအုပ်လဲ။ဟူသည့် ဖော်ပြချက်တွင်  ఏం  သည် မည်သည့် အမျိုးအစား ဖြစ်ကြောင်း၊ အားလုံးအနက် မည်သည့်အရာ ဖြစ်ကြောင်း မေးမြန်းသည့် နာမဝိသေသနဖြစ်သည်။

 

3.12.      သရသံ အရှည်ဖြင့် ဆုံးသော အမိန့်ပေး စေခိုင်းသည့် ပုံစံများဖြစ်သည့် రా 'လာ'နှင့် కూర్చో 'ထိုင်' တို့ကို မိတ်ဆက်ပေးထားသည်။

రా

လာ။

‘come’

రాండి

လာ(ကြ)ပါ။

‘please come’

కూర్చో

ထိုင်။

‘sit’

కూర్చోండి

ထိုင်(ကြ)ပါ။

‘please sit’

 

3.13.   သရသံဆက် နည်းလမ်း sandhi ပုံစံ ကို သတိပြုပါ။

 

3.13.1.   သရသံ အရှည်ဖြင့် ဆုံးသော စကားလုံး၏ နောက်၌   అ ဖြင့် စသော နောက်ဆက်တွဲ စကားလုံးကို ပေါင်းစပ်ပါက ၎င်း అ သရသည် ပျောက်ကွယ်သွားမည်။

 

రా

+ అండి

= రాండి

လာပါ။

‘please come.’

కూర్చో

+ అండి

= కూర్చోండి

ထိုင်ပါ။

‘Please sit.’

 

 

3.13.2.    ఇ အသံနှင့် అ အသံတို့ကို ပေါင်းစပ်လိုက်ပါက æ အယ် အသံ ထွက်ပေါ်လာပြီး ఆ ဟုသာ ရေးသားပါသည်။

 

In writing အရေး

In pronunciation အသံထွက်

మనవడివి

+ఆ

మనవడివా?

မင်း မြေးလား။

‘Are you Grandson?’

గది

+ ఆ

గదా?

အဲ့ဒါ အခန်းလား။

‘Is it a room?’

పిల్లి

+ ఆ

పిల్లా?

အဲ့ဒါ ကြောင်လား။

‘Is it a cat?’

 

3.14.   အောက်ပါ ဝါကျများ ကဲ့သို့အတိုချုပ် အခေါ်အဝေါ်များ၏ အသုံးပြုပုံများကို သတိပြုပါ။

 

(i) 

వారెవరు?

သူ ဘယ်သူလဲ။

‘Who is he/she?’

 

వారు శర్మగారు.

သူက ရှရ်မ ဂါးရုပါ။(ကို/ဦး)

‘He is Mr.Sarma.’

 

వీరు?

သူ(မ)က‌ရော။

‘And he/she?’

 

రాఘవరావు అమ్మగారు.

ရားဂဝရောင်းရဲ့  အမေပါ။

‘She is Raghavarao’s mother.’

 

 (ii)

అతను తెలుగు విద్యార్థి. పెరు వినోద్.

သူက တေလူဂူ ကျောင်းသား။ နာမည်က ဝီနို့ဒ်။

‘He is Telugu student and name is Vinod.’

(iii)

అతను నా స్నేహితుడు రాఘవరావు.

သူက ကျနော့် သူငယ်ချင်း ရာဂဝရောင်း။

‘He is my friend, Raghavarao.’

 

3.15.      పాప ကလေးမလေး၊ သမီးလေး ‘a little girl, female child’ နှင့်  బాబు သားလေး၊ ‘a littleboy, male child’ တို့သည် ၎င်းတို့ထက် ကြီးသူများ လူကြီးများက ချစ်ခင်ကြင်နာစွာဖြင့် ခေါ်ဝေါ်သော အသုံးအနှုန်းအဖြစ် အသုံးပြုနိုင်သည်။

 

పాపా! అది ఏం పుస్తకం?

သမီး၊ အဲ့ဒါ ဘာ စာအုပ်လဲ။

‘What is that book, dear?

మీ తాతగారి పేరేమిటి బాబూ?

မင်းတို့ အဘိုးရဲ့ နာမည်က ဘာလဲ သား။

‘What is your grandfather's name, dear?’